ဆုရရှိသွားလို့ပျော်နေပါတယ်။

ကော်နီကတော့ ဆေးသီချင်းနဲ့ ဆုရရှိခဲ့ပြန်ပါပြီ။

Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာတော့ Popular Online Single Song သီချင်းတောင်းဆိုမှု အများဆုံးဆုကိုတော့ အဆိုတော်အမျိုးသမီးကတော့ ကော်နီက ဆုရရှိသွားပြီဖြစ်ပါတယ်။ ဒီဆုကတော့ ဆေးသီချင်း နဲ့ရရှိခဲ့တာပါ။

‘’တေးရေးဝေကြီးကို ကျေးဇူးတင်ပါတယ်။ ရိုက်ကူးပေးတဲ့ သမီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မကော်က စာအရမ်းညံ့ပါတယ်။ ဒီဆုကတော့ အမှတ်တရပါပဲ’’ လို့ ဆိုပါတယ်။  

''ဆေး'' သီချင်းလေးကိုတော့ တေးရေး၊ အဆိုတော် ဝေကြီး ရေးပေးခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ အဆိုတော် ကော်နီရဲ့ အသံနဲ့လည်း လိုက်ဖက်မှု ရှိသလို လူငယ် ပရိသတ်တွေရဲ့ ခံစားချက်နဲ့လည်း တိုက်ဆိုင်တဲ့ သီချင်းလေး ဖြစ်တာကြောင့် အောင်မြင်မှု များစွာ ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ သီချင်းလေး ဆိုရင်လည်း မမှားပါဘူး။ ကော်နီဟာ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ ''ကိုကိုချစ်'' သီချင်းပိုင်ရှင် ကော်နီကတော့ ''ဆေး'' သီချင်းနဲ့လည်း အောင်မြင်မှု ရရှိခဲ့ပြန်ပြီဖြစ်ပါတယ်။

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

Share

Loading Next Article...
က္က