စတင်ဆုံစည်းခဲ့တဲ့ ဇာတ်ကားလေးပါ။

သူတို့နှစ်ယောက် ဆုံစည်းခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားက မကြာခင် ရုံတင်ပြသတော့မှာပါ။ အားလုံးက သူတို့နှစ်ယောက်ကို ဧည့်သည် ရိုက်ကွင်းမှာ ကြိုက်ခဲ့ကြတယ်လို့ ထင်ခဲ့ပေမယ့်လည်း သူတို့ကတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးက ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာ စတင်ဆုံတွေ့ခဲ့တာ ဖြစ်ပေမယ့် ကြိုက်ခဲ့တာကတော့ ဧည့်သည် ရုပ်ရှင်ဇာတ်ကား ရိုုက်ကွင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။



“ညီမတို့နှစ်ယောက်က ရိုက်ကူးနေတဲ့ အချိန်မှာ ကြိုက်တာ မဟုတ်ပါဘူး။ ရိုက်ကွင်းမှာ ဖူးစာ ဆုံတယ်ဆိုတာ ညီမတို့က ဒီကားမှာ ပထမဆုံး စတွေ့တာဆိုတော့ ဒီကားမှာ ဖူးစာဆုံတယ်လို့ ပြောလို့ရတယ်။ ဘာပဲ ပြောပြော ဒီကားမှာ စပြီးတွေ့တယ်။ စကားပြောဖြစ် ရင်းနှီးသွားကြတယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ပေ့ါ ။ ဒါလေးပါပဲ” လို့ ရယ်ရယ်မောမောနဲ့ ရွှေမှုံရတီက မေလ(၃) ရက်နေ့ ညက ပြုလုပ်တဲ့ posh ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

သူတို့နှစ်ယောက် ဆုံတွေ့ခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မေလ(၃) ရက်နေ့မှာ ရုံတင်ပြသမယ့် “ဧည့်သည်” မှာ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့က အဓိက ပါဝင်ထားတာ ဖြစ်ပါတယ်။

ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာလည်း ရွှေထူးရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက ယခုလို ပြောပြခဲ့ပါသေးတယ်။

“သဲကတော့ သဲနဲ့ ရိုက်တဲ့သူမှန်သမျှကို သဲတတ်နိုင်သလောက် အားလုံးကို တွဲခေါ်ပါတယ်။ ကိုရွှေထူးကိုလည်း အဲ့တုန်းက သဲတက်သလောက် မှတ်သလောက်လေး အကုန်ပြောပြဖြစ်ခဲ့ပါတယ်။ သူလည်း အကောင်းဆုံးကြိုးစားပြီး လိုက်လုပ်ခဲ့ပါတယ်။ အသစ်တစ်ယောက်အနေနဲ့ သူအများကြီး သရုပ်ဆောင် ကောင်းပါတယ်။ ဒါက သဲအမြင်ပါ။ ကျန်တာက သဲဝေဖန်တာထက် ပရိသတ်တွေ ပရိုဂျူဆာတွေ ဝေဖန်တာ ပိုပြီး ကောင်းပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က