ဖခင်ကွယ်လွန်ချိန်ကနေ အခုထိ အလှူတွေ ဆက်တိုက်လုုပ်နေတာပါ။

သရုပ်ဆောင် လင်းဇာနည်ဇော်တို့ ညီအစ်မတွေက ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဦးခင်ဇော်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ်။

Photo : လင်းဇာနည်ဇော်

ဖခင်ကြီးဦးခင်ဇော်ရဲ့ ဇာတိမြေဖြစ်တဲ့ “ဖျာပုံ”မှာ ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေတာပါ။ ဖခင်ကြီး ရှိစဉ်က ကိုးကွယ်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး လှူဒါန်းခဲ့သလို အဲ့ဒီနေရာလေးတွေကို ရောက်တိုင်း ဖခင်ရဲ့ အငွေ့အသက်လေးတွေကိုလွမ်းဆွတ်ဖွယ်ပြန် ခံစားရတယ်ဆိုပြီး လင်းဇာနည်ဇော် ပြောထားတာတွေ့ရပါတယ်။


Photo : လင်းဇာနည်ဇော်

“ဒီနေ့ ဖေဖေ့ ဇာတိမြေ ''ဖျာပုံမြို့'' မှာဖေဖေ့အတွက်ရည်စူးပြီး၊ ဖေဖေကိုးကွယ်ခဲ့တဲ့ကျောင်းများမှာ နှစ်စဉ်ဇာတ်တော်ခင်းကျင်းကပြသည့်ကျောင်း)ဖေဖေငယ်ငယ်ကဒသာဂီရိအဖြစ်ကပြခဲ့ကြောင်း ဖျာပုံရာမအကြောင်းပြောရရင်အဖေ့မျက်နှာမှ ပီတိလေးများကိုအမြဲမြင် တွေ့ရတာမို့''ကန်ဦးကျောင်း''မှာအဖေ့ရဲ့ငယ်ဘဝအရိပ်ကလေးများ ကိုမြင်ယောင်ခဲ့ရတယ်ပခန်းကျောင်း(ယခင်ကခရေပင်စောက်ထိုးတည်ရှိရာအထင်ကရကျောင်း) *ဖေဖေဖျာပုံသွားတိုင်း သမီးတွေထံမှအဝတ်အစားများအလှုခံပြီး ထိုကျောင်းတွင်စတုဒီသာကျွေး အဝတ်များလှုတတ်၍ အဖေ့အငွေ့အသက်ကလေးများကိုလွမ်းဆွတ်ဖွယ်ရာခံစားခဲ့ရ(၆)ရွာမကျောင်း၊(၇)လိပ်ဥကုန်းဘုရား၊ (၈)သာစည်ဘုရားကြီး(အဖေရောဂါစဖြစ်စကတစ်တွတ်တွတ်ပြောပြီးအလှုငွေလှုခိုင်းသောဘုရား)၊ (၉)အဖေ့အမေဇာတိမြေ ''ဒေးဒရဲ''ကျောင်းများ ဒီနေ့ပြုပြုသမျှကုသိုလ်အစုစုတို့ရဲ့အဖို့ဘာဂကိုအမျှအတန်းပေးဝေပါတယ် အဖေရောက်လေရာဌာန၊ဘုံဘဝမှ..ဝမ်းမြောက်ဝမ်းသာသာဓုအကြိမ်ကြိမ်ခေါ်ဆိုနိုင်ပါစေအဖေ” ဆိုပြီး လင်းဇာနည်ဇော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : လင်းဇာနည်ဇော်

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်အတွက် အလှူတွေ ဆက်တိုက်လုပ်နေသလို ဖခင်ရဲ့ ခန္ဓာကိုယ်ရှိရာ အုတ်ဂူဆီသို့ သွားရောက်ကာ သန့်ရှင်းရေးများ ပြုလုပ်ပေးနေတာလည်း တွေ့ရပါတယ်။ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာ(၃) ရက်နေ့ ည(၁၁)နာရီ (၅၅)မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Photo : လင်းဇာနည်ဇော်

ဒီအတွက်ကြောင့်လည်း မိသားစုဝင်တွေသာမက အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်းတွေအနေနဲ့ ဝမ်းနည်းခဲ့ကြရပါတယ်။ လက်ရှိမှာ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)နဲ့ အရေးယူခြင်း ခံထားရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က