မေလ ၃၀ ရက်နေ့ဆိုရင် ရုံတင်ပါပြီတဲ့။

နေခြည်ဦး အတွက်တော့ ၂၀၁၉ ခုနှစ်ဟာ သူမအတွက် ပြောင်းလဲခြင်းတွေ စတင်လာတဲ့ နှစ်ပါတဲ့။ မကြာခင် ရုံတင်တော့မယ့် ဧည့်သည် ရုပ်ရှင်ဇာတ်ကားကလည်း သူမရဲ့ ကြိုးစားမှုတွေကို ပြသနိုင်မယ့် ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

Photo: Nay Chi Oo



နေခြည်ဦးက ဧည့်သည် ရုပ်ရှင်ဇာတ်ကားထဲမှာ သူမရဲ့ ကြိုးစားမှုလေးတွေအကြောင်းပြောပြလာပါတယ်။ ပျော်ပျော်နေတတ်တဲ့သူမဟာ အရမ်းတွေ ငိုခဲ့ရတာကြောင့် စိတ်ပင်ပန်းခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။

‘’အဲဒီဇာတ်ကားမှာ နေခြည့် အခန်းလေးတွေက နည်းတော့ နည်းတယ်။ ဒါပေမယ့် နေခြည်ပါတဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ အရမ်းငိုရတယ်။ အဲဒီဇာတ်ကားရိုက်တုန်းက တော်တော်လေးတော့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ရတာပေါ့နော်။ ကိုယ်က အစကတည်းက ပြောင်တောင်တောင်၊ စပ်ဖြီးဖြီး နေတတ်တဲ့သူဆိုတော့ အဲဒီတုန်းက တော်တော်လေး Mood သွင်းပြီးရိုက်ရခဲ့ရတယ်။ အခုချိန်မှာ တော်တော်လေး စိတ်ဝင်စားကြတဲ့ အတွက် ကြိုးစားရကျိုးနပ်တယ်လို့မြင်ပါတယ်’’ ဆိုပြီးတော့ မေလ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။

Photo: amazing Grace

ဧည့်သည်ရုပ်ရှင်ဇာတ်ကားဟာ လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ တူညီမှုရှိစေမယ့် ရုပ်ရှင်ဇာတ်ကားလည်းဖြစ်တယ်လို့ နေခြည်ဦးက ပြောပါတယ်။ ဒီဇာတ်ကားကိုတော့ မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားပါမယ်တဲ့။

‘’ နေခြည့်ရဲ့ ဒုတိယဇာတ်ကား ဧည့်သည်က လာမယ့် ၃၀ ရက်နေ့ဆိုရင် စပြပါပြီ။ ဒီဇာတ်ကားလေးက အခုချိန်မှာ လူတွေ အများကြီး စိတ်ဝင်စားနေကြတာ သိရတော့ အရမ်းဝမ်းသာတာပေါ့နော်။ ဒီဇာတ်ကားလေးက နည်းနည်း Pressure များတယ်။ အဲဒီဇာတ်ကားလေးထွက်ရင် လူငယ်တွေ ကြိုက်ကြမှာပါ။ ဘယ်သူ့ Fan ရယ်လို့မှ မဟုတ်ဘူး။ လူငယ်တွေရဲ့ စိတ်ခံစားချက်တွေ အများကြီးပါတယ်ဆိုတော့် တော်တော်များများ စိတ်ဝင်စားနေကြမှာပါ’’ လို့ ဆိုပါတယ်။

Photo: Nay Chi Oo

သူမဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကား တော်တော်များများ ရိုက်ကူးလက်ခံလာရပြီ ဖြစ်ပါတယ်။ အဲဒီနောက် သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ကတော့ နေခြည်ဦးအတွက် ကောင်းတဲ့ နှစ် တစ်နှစ်ပါလို့ ပြောပါတယ်။

‘’၂၀၁၉ ကတော့ ကောင်းသောပြောင်းလဲခြင်းတွေ ပိုဖြစ်လာတယ်။ ပြီးတော့ မကောင်းတဲ့ ဝေဖန်ခြင်းတွေ လျော့လာတယ်လို့မြင်တယ်။ ဒါပေမယ့် လူဆိုတာ Parfect မှ မဖြစ်တာနော်။ နေခြည့်ကို ချစ်တဲ့သူတွေလည်းများသလို ဒီကောင်မလေးက ဘာတွေပြောနေတာလဲ။ စကားပြောတာလည်း မြန်လိုက်တာ ဆိုပြီးတော့ အမြင်ကပ်နေတဲ့သူတွေလည်းရှိမှာပဲ။ အကောင်းဆုံးကြိုးစားနေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nay Chi Oo

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူမဟာ ရန်သူ ရုပ်ရှင်ကား၊ ဧည့်သည် ရုပ်ရှင်ကား၊ ကိုယ်ပွား ရုပ်ရှင်ကား၊ အောက်ဖဲမလှန်ကြေးရုပ်ရှင်ကား၊ တို့ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ‘’အခမ်းနားဆုံးမေတ္တာ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က