ဖိုးသောကြာက ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီးသီဆိုသူဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်
City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီးမှာ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ် တေးစီးရီးသီဆိုသူဆုကိုတော့ နဂ္ဂနီအခွေနဲ့ အဆိုတော် ဖိုးသောကြာက ရရှိခဲ့တာဖြစ်ပါတယ်။ ဖိုးသောကြာက သူ့ရဲ့ခံစားချက်ကို အခုလို ဖွင့်ဟခဲ့ပါတယ်။
'' ကျွန်တော် အများကြီး မပြောတော့ပါဘူး။ အရမ်းလည်းဝမ်းသာပါတယ်။ အရမ်းလည်းပျော်ပါတယ်။ ဒီဆုက ကျွန်တော့်ရဲ့ ခင်ပွန်းကြီး ၁၀ပါးက ပေးတဲ့ဆုလို့ပဲ ကျွန်တော် သတ်မှတ်ထားပါတယ်။ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်ခင်ဗျာ'' ဆိုပြီးတော့ လက်အုပ်ချီ လျှက် ပြောခဲ့ပါတယ်။
ဖိုးသောကြာဟာ မြန်မာသံ တေးသီချင်းပေါင်းများစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ မြန်မာသံ တေးစီးရီးတွေလည်း အများကြီး ထွက်ရှိထားသူပါ။
City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။