နှလုံးသားထဲက ဧကရီ သီချင်းအခွေနဲ့ ရရှိခဲ့တာပါ။

အဆိုတော် စိုးစန္ဒာထွန်းကတော့ ၂၀၁၉ ခုနှစ်အတွက် မြန်မာသံစဉ် တေးသီချင်းသီဆိုသူ ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေနဲ့ ဝေးကွာခဲ့တာ ၃ နှစ်တောင်ရှိပါပြီတဲ့။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ရောင်းအား အကောင်းဆုံး မြန်မာသံတေးသီချင်း သီဆိုသူ ဆုကို (နှလုံးသားရဲ့ ဧကရီ အခွေ) နဲ့ စိုးစန္ဒာထွန်းက ရရှိခဲ့ပါတယ်။ 



“ ကျွန်မ အနုပညာအလုပ်တွေနဲ့ ဝေးနေတာ ၃ နှစ်ရှိပါပြီ။ ဒီသီချင်းကလည်း အစ်မတော် စောမွန်လှရဲ့ အကြောင်းကို ဆိုထားတာပေါ့နော်။ ဘုရားအစ်မကြီးပါ။ ရိုက်ကူးရေးပိုင်းတွေ အစစအရာရာ အခက်အခဲတွေကြားက လုပ်ခဲ့ရတဲ့ အခွေဖြစ်ပါတယ်။ နှလုံးသားတွေနဲ့ ရင်းပြီး သီဆိုထားတဲ့ သီချင်းအခွေဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။ 

စိုးစန္ဒာထွန်းဟာ မြန်မာသံတေးသီချင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတတ်သူ တစ်ယောက်ပါ။ ချိုသာတဲ အသံလေးကလည်း ပရိသတ်တွေရဲ့ နားထဲမှာ စွဲထင်ကျန်ရစ်စေခဲ့ပါတယ်။ ဆံပင်ရှည်ရှည်၊ အသံကောင်းကောင်းနဲ့ မြန်မာသံစဉ် အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိပိုင်ဆိုင်ထား သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က