တကယ့်ကို အံ့သြလောက်တဲ့ ရောင်းအားပါပဲ

48MP ကင်မရာ သုံးလာတဲ့ Xiaomi ရဲ့ ဘက်ဂျက်ဖုန်း Redmi Note 7 ဟာ ၆ လအတွင်း အံ့အားသင့်စရာ ရောင်းအားရှိခဲ့ပါတယ်။

         Note 7 အနေနဲ့Redmi ကနေ sub-brand အဖြစ် စတင်ခွဲထွက်လာခဲ့တဲ့ ၆ လ လျော့လျော့အတွင်း ဒီဖုန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အလုံးရေ ၁၅ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Redmi Note 7 ရဲ့ ရောင်းအားအကြောင်း မကြေညာခင် တစ်ရက်မှာ Honor ဟာ ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းဖြစ်တဲ့ Honor 8X ဟာ စုစုပေါင်း ၁၅ သန်း ရောင်းချနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

Photo: GSMArena

         Redmi Note 7 နဲ့မတူတာက Honor 8X ရဲ့ ရောင်းအား အလုံးရေ ၁၅ သန်းဟာ ၉ လအတွင်းမှာ ရောင်းချနိုင်ခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ ဇန်နဝါရီ လဆန်ပိုင်းက တရားဝင် မိတ်ဆက်ခဲ့တဲ့ Redmi Note 7 ဟာ မတ်လကုန်ပိုင်းမှာ အလုံးရေ ၄ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့GizChina သတင်းမှာ ဖော်ပြထားပါတယ်။ မေလကုန်ပိုင်းမှာတော့ Redmi Note 7 ရဲ့ တစ်ကမ္ဘာလုံး ရောင်းအားဟာ အလုံးရေ ၁၀ သန်း ကျော်ခဲ့ပါတယ်။

         Redmi Note 7 ဟာ Xiaomi Redmi စီးရီးရဲ့ နောက်ထပ် brand ခွဲတစ်ခုအဖြစ် ပထမဆုံး ထွက်လာတဲ့ ဖုန်းပါ။မျက်နှာပြင် ၆.၃ လက်မ LCD display ကိုမှ ခေတ်ပေါ် waterdrop notch ဒီဇိုင်းနဲ့လာတဲ့ ဒီဖုန်းမှာ ရုပ်ထွက်ပိုင်းမှာလည်း FullHD+ ရုပ်ထွက်ဖြစ်ပြီး မှန်ပြင်ကိုယ်ထည်အချိုး နေရာယူမှုကတော့ ၈၄% ထိ ရှိတယ်လို့ဆိုပါတယ်။

Photo; kibotek

         Snapdargon 660 SoC သုံးထားပြီး ကျောဘက် 48MP ကင်မရာနဲ့အတူ 5MP depth sensor ပါလာပါတယ်။ 4000 mAh ဘက်ထရီပါတဲ့ ဒီဖုန်းဟာ အနက် ၊ အပြာနဲ့ရွှေရောင် ကာလာ ၃ ရောင်နဲ့လာပြီး RAM 3GB/32GB ဗားရှင်းကို ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်) ၊ RAM 4GB/64GB မော်ဒယ်နဲ့RAM 6GB/64GB မော်ဒယ်တွေကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) နဲ့၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ဝန်းကျင်) ဈေးတွေနဲ့ရောင်းချနေတာပါ။

Share

Loading Next Article...
က္က