သရုပ်ဆောင်အောင်ရဲထွေးအမှုမှာ ပါဝင်သူတွေထဲက သန်းထွဋ်အောင်(ခ)သားကြီး နဲ့ ပြည့်ဖြိုးအောင်(ခ)အောင်လေးတို့ကို လူသတ်မှု ၃၀၂ အပိုဒ်ခွဲ ၁ နဲ့ စွဲချက်တင်ဖို့ အရှေ့ပိုင်းခရိုင်တရားရုံးက ဇန်နဝါရီ လ ၇ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။
ကျော်ဇောဟန်ကိုတော့ လူသတ်မှုကို အားပေးကူညီမှု ၃၀၂ အပိုဒ်ခွဲ ၁ မျဉ်းစောင်း ၁၁၄ အရ လူသတ်မှုအားပေးကူညီမှုနဲ့ စွဲချက်တင်ဖို့အမိန့်ချပါတယ်။ သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုမှာ ပါဝင်တဲ့ တရားခံလို့ယူဆရတဲ့သူတွေကို အမှုရုပ်သိမ်းပြန်လွှတ်ပေးပြီးနောက် ရန်ကုန်တိုင်းတရားလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့ကစွဲချက်ပြန်တင်ထားပြီး ပဆင့်ခေါ်မှုတွေပြုလုပ်ပြီး အခုပြန်စွဲချက်တင်တာပါ။
သေဆုံးသူ သရုပ်ဆောင် အောင်ရဲထွေးဟာ နှစ်သစ်ကူးညမှာ ထိုးကြိတ်ရိုက်နက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့တာပါ။