ဒဏ်ရာကိုယ်စီကြောင့် အာဆီယံ ယူ-၂၂ ပွဲကို လွဲချော်ကြရမှာပါ။

ဒဏ်ရာကိုယ်စီ ရထားခဲ့ကြတာ ဖြစ်ပေမယ့်လည်း အဓိက ကစားသမားတွေဖြစ်လို့ အာရှ ယူ-၂၂ ခြေစစ်ပွဲ မတိုင်မီ ပြန်လည်သက်သာလာမှု ရှိမရှိစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ဖွဲ့စည်းထားတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၂ ပဏာမအသင်းမှာ ချန်လှပ်ထားခဲ့ရတဲ့ အောင်ကောင်းမာန်၊ စအောင်ပြည့်ကိုနဲ့ ပြည့်စုံနိုင်တို့ ၃ ဦးကို လာမယ့် အာရှယူ-၂၃ ခြေစစ်ပွဲအတွက် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။



စအောင်ပြည့်ကိုကတော့ အဆုတ်နဲ့ပတ်သက်တဲ့ဝေဒနာ ခံစားနေရတာဖြစ်ပြီး အခုအခါမှာ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်ကာ လေ့ကျင့်ခန်းတွေလည်း ပြန်လုပ်နေပြီလို့ သိရပါတယ်။

အောင်ကောင်းမာန်ကလည်း ပြီးခဲ့တဲ့ တရုတ်ဖိတ်ခေါ်ပွဲမတိုင်မီ လက်မောင်းရိုးကျိုးလို့ အသင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး အခုအခါ ပြန်ကောင်းနေလို့ ကလပ်အသင်းနဲ့ ပူးပေါင်းနေပါတယ်။ ပြည့်စုံနိုင်ကလည်း ဒူးဒဏ်ရာရခဲ့တာကြောင့် ဒီနှစ် ရတနာပုံအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားရပေမယ့်လည်း အခုအခါ ပြန်သက်သာလာလို့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပါပြီ။

ဒီ ၃ ဦးစလုံးက ယူ-၂၂ အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတွေ ဖြစ်ပြီး နည်းပြသစ် ပိုပေါ့ကလည်း သူတို့ရဲ့ ကြံ့ခိုင်မှုအနေအထားကို စောင့်ကြည့်ပြီး ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲက ပြန်လာရင် အာရှခြေစစ်ပွဲအတွက် ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သိရတာပါ။

မြန်မာအသင်းက ယူ-၂၂ ပဏာမ ကစားသမားစုဖွဲ့ထားပြီး လက်ရှိမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က စတင်လေ့ကျင့်နေပါပြီ။ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ပြိုင်မှာဖြစ်ပြီး ဒီပြိုင်ပွဲက မြန်မာနိုင် ငံမှာ မတ်လမှာ ကစားမယ့် အာရှ ယူ-၂၂ ခြေစစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုလို့ နည်းပြသစ် ပိုပေါ့က ဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က