သူတို့ နှစ်ယောက် အတူတူ ရိုက်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေပြီဖြစ်ပါတယ်။

အောင်ရဲလင်းနဲ့အတူ ရုပ်ရှင်ဇာတ်ကား အတူတူရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝင့်ယမုံနိုင်က ပြောပြခဲ့ပါတယ်။ အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှုတွေကိုလည်း အားကျခဲ့ရပါတယ်တဲ့။

ဝင့်ယမုံနိုင်က အောင်ရဲလင်းနဲ့အတူ ‘’မှားတဲ့ဘက်က နေကြည့်ပါ’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲသရုပ်ဆောင်ခဲ့ပါတယ်။ အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှုတွေကိုလည်း အားကျခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ပထမဆုံး ဒီလို ဒရာမာပုံစံနဲ့ မြင်ဖူးခြင်းပဲပေါ့နော်။ အစ်ကို့ကို တစ်ခါမှ အဲဒီလို တွဲမမြင်ဖူးဘူး။ ဒီဇာတ်ကားမှာ အစ်ကို့ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းထူးခြားတယ်။ ဒီဇာတ်ကားထဲမှာ အစ်ကို့ရဲ့ Mood တွေက အရမ်းမိုက်တယ်။ အစ်ကို့ကိုလည်း အားပေးတယ်၊ အားလည်း အားကျပါတယ်’’ လို့ သူကဆိုပါတယ်။

အောင်ရဲလင်းနဲ့ ဓာတ်ပုံရိုက်ကွင်း၊ ပွဲတွေမှာ ဆုံဖြစ်ပေမယ့် ဇာတ်ကားအတူတူ ရိုက်တာကတော့ ဒီဇာတ်ကားက ပထမဆုံးပဲလို့ ဝင့်ယမုံနိုင်က ပြောပါတယ်။

‘’ အရင်ကဆို Photo Shooting တွေမှာပဲ ဆုံတာများတယ်။ အပြင်မှာတွေ့တာလောက်ပဲများတာ။ ကားရိုက်က လုံးဝမဆုံဖူးဘူူး။ ဒီဇာတ်ကားမှာ ပထမဆုံး ဆုံတာဆိုတော့ အရမ်းလည်းပျော်တယ်။ အစ်ကိုက အများကြီးလည်း သင်ပေးတယ်၊ လက်တွဲခေါ်တယ်ဆိုတော့ ကျေးဇူးလည်း တင်ပါတယ်’’ ဆိုပြီးတော့ ‘’မှားတဲ့ဘက်က နေကြည့်ပါ’’ ရုပ်ရှင်ကားကြီး လက်မှတ်ရေးထိုးပွဲမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် အောင်ရဲလင်း ကိုယ်တိုင်ကလည်း အနုပညာရှင် အသစ်လေးတွေအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ကြိုးစားမှုရှိတဲ့ လူငယ်တွေကို အားပေးတယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်တို့ အနုပညာလောကမှ မဟုတ်ဘူး၊ ဘယ်လောကမဆို လူငယ်တွေက အရေးအကြီးဆုံးပဲ။ လူငယ်တွေ တိုးတက်လာတာ၊ လူငယ်တွေ ကောင်းလာတာနဲ့ အမျှ သူတို့လုပ်တဲ့ လုပ်ငန်းဖြစ်ဖြစ်၊ လမ်းကြောင်းဖြစ်ဖြစ် လူငယ်တွေနဲ့ ပတ်သက်ပြီး ထွန်းတောက်စေချင်တယ်၊ ပေါ်ထွန်းစေချင်တယ်။ ဒါကြောင့် လူငယ်တွေအများကြီးကို ကြိုဆိုပါတယ်၊ အားလည်းပေးပါတယ်’’ လို့ သူကဆိုပါတယ်။

အောင်ရဲလင်းနဲ့ ဝင့်ယမုံနိုင်တို့ကိုတော့ ‘’မှားတဲ့ဘက်က နေကြည့်ပါ’’ ရုပ်ရှင်ဇာတ်ကားထဲမှာ အတူတွဲမြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) က ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အောင်ရဲလင်း၊ ရဲအောင်၊ မင်းဦး၊ သက်မွန်မြင့်၊ မေသန်းနု နဲ့ ဝင့်ယမုံနိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Share

Loading Next Article...
က္က