တစ်လှည့်စီ အောက်ဆီဂျင်ပေးထားရတယ်တဲ့။

ကျော်သူက ‘’ဂမ္ဘီရ မျက်လုံး’’ရုပ်ရှင်ကား ရိုက်ကူးရေးကို ဂူအတွင်းထဲမှာရိုက်နေရတာဖြစ်တဲ့အတွက် အောက်ဆီဂျင်ဗူးတပ်ရင်း အလုပ်လုပ်နေရတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်သူ၊ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင် နဲ့ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: Kyaw Thu

သရုပ်ဆောင် ကျော်သူက ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်ဆီဂျင်တပ်ပြီးတော့တောင် ရိုက်ကူးနေတာကို တွေ့ရပါတယ်။

"အောက်ဆီဂျင်စစ်ကူနဲ့ပေးဆပ်သူများ။" ဂူထဲဝင်ကြပြီဆိုတော့လည်း ဖုံရယ်၊smoke ရယ်၊လေဝင်လေထွက်ရယ်၊နှလုံးသားရယ်ကို အဆင်ပြေမျှတ အောင် အောက်ဆီဂျင်အိုးတွေနဲ့ ပရိသတ်အတွက်အကောင်းဆုံးဖြစ်အောင် ပေးဆပ်ကြရပြီပေါ့’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို အောင်ပန်းမြို့မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီကားမှာတော့ သရုပ်ဆောင် ကျော်သူ၊ အလင်းရောင်၊ ပြေဇင်၊ ထွန်းကိုကို နဲ့ ရွှေသမီး တု့ိက အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်နေတာပါ။

Photo: Kyaw Thu

ဦးကျော်သူရဲ့ ‘’ဝရဇိန်’’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ကားကြီးကတော့ ‘’၁၀၁၄’’ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် ပါဝင်ခဲ့သူပါ။ အဲဒီနောက် သူကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က