အနုပညာသက်တမ်းအတွေ့အကြုံ ၂၇ နှစ်ကျော်ပါပြီ။

လွင်မိုးက အနုပညာအလုပ်လုပ်ရင် သဘောထားကြီးတတ်ဖို့အတွက် အခုလို ပြောပြလာပါတယ်။ သူဟာ အနုပညာသက်တမ်း အတွေ့အကြုံ အများကြီးရှိတဲ့သူတစ်ယောက်ပါ။ 

သရုပ်ဆောင်လွင်မိုးက အနုပညာလောကမှာ အောင်မြင်မှု ရရှိနိုင်ဖို့အတွက် အကြံကောင်း တစ်ခုကို ပြောပြလာပါတယ်။ သူဟာ အနုပညာသက်တမ်း ၂၇ နှစ် ကျော် အတွေ့အကြုံတွေ အများကြီးရှိသူတစ်ဦး ဖြစ်ပါတယ်။



‘’တစ်ခွန်းတည်းပြောမယ်။ အနုပညာအလုပ်က သဘောထားကြီးမှ အောင်မြင်လိမ့်မယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၁၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ လွင်မိုးရဲ့ စာသားအပေါ် အားပေးထောက်ခံကြတဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေကလည်း အများကြီးပါ။

လွင်မိုးဟာ အခုချိန်မှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးကို ပိုပြီး အာရုံစိုက်နေတဲ့သူတစ်ယောက်ပါ။ သူဟာ ချစ်ရတဲ့ ဇနီးဖြစ်သူ ဒေါ်မေသူရယ်၊ သမီးကြီး ယွန်းဝတီလွင်မိုးနဲ့ သမီးငယ် ယွန်းနဒီလွင်မိုး တို့ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ပါ။ နောက်ထပ်လည်း မြေးဦးလေး Liam ကို ပိုင်ဆိုင်ထားပါတယ်။


လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။

လွင်မိုးဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က