မေလ ၁၅ ရက်နေ့မှာ နှစ်သင်းစလုံး လက်ကျန် တစ်ပွဲစီ ကစားရမှာပါ။

ရှမ်းအသင်းက ၅ ပွဲကစား ၅ ပွဲရှုံးပြီး ရန်ကုန်အသင်းကတော့ ၁ ပွဲနိုင် ၄ ပွဲရှုံးကာ လက်ကျန် တစ်ပွဲအလိုမှာပဲ ကိုယ်စီ အုပ်စုအဆင့်က ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

AFC CUP 2019 ကို ဝင်ရောက်ယှဉ်ပြိုင်ကစားနေတဲ့ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ ဒီကနေ့မှာတော့ ပြိုင်ဖက်အသင်းတွေကို အရေးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကပင် ကိုယ်စီ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။



ရှမ်းယူနိုက်တက်အသင်းကတော့ အိမ်ကွင်း သုဝဏ္ဏမှာ ဖိလစ်ပိုင်ကလပ် စီးရက်စ်နီဂရို့စ်အသင်းကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့သလို ရန်ကုန်အသင်းကလည်း စင်ကာပူကလပ် တန်းပနိ့စ်ရိုဗာအသင်းကို အဝေးကွင်းမှာ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းကတော့ ဒီနှစ် အေအက်ဖ်စီဖလားပြိုင်ပွဲမှာ အုပ်စုတွင်း ၅ ပွဲကစား ၅ ပွဲရှုံးကာ ရမှတ် လုံး၀ မရရှိခဲ့ပဲ လက်ကျန် တစ်ပွဲအလိုမှာပဲ အုပ်စုအဆင့်က ထွက်ခဲ့ရတာ ဖြစ်သလို ရန်ကုန်အသင်းကလည်း ၅ ပွဲကစား ၁ ပွဲနိုုင် ၄ ပွဲရှုံးပြီး လက်ကျန် တစ်ပွဲအလိုမှာပဲ အုပ်စုအဆင့်နဲ့ ကျေနပ်လိုက်ရတာပါ။

လက်ကျန် အုပ်စု နောက်ဆုံးပွဲတွေမှာတော့ ရန်ကုန်အသင်းက ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းကတော့ အင်ဒိုနီးရှားကလပ် ပါဆီဂျာကာတာအ သင်းရဲ့ အိမ်ကွင်းမှာ သွားကစားရမှာပါ။ အဆိုပါ ပွဲစဉ်တွေကိုတော့ မေလ ၁၅ ရက်နေ့မှာ တစ်ရက်တည်း ကစားစေမှာ ဖြစ်ပြီး နှစ်သင်းစလုံး နောက်ဆုံး ပွဲ ကိုယ်စီမှာ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် တိုက်ပွဲဝင်ရပေဦးမည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က