ပရိသတ်တွေကတော့ အရမ်းကို ပျော်နေပါပြီ။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ဖန်တီးမှု အသစ်ကို မျှော်နေတဲ့ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါ။ Now & Ever ဇာတ်ကားကြီးကတော့ Teaser ထွက်ရှိလာကတည်းက ဘယ်တော့ရုံတင်မလဲဆိုတာ ရင်တဒိတ်ဒိတ်နဲ့ စောင့်မျှော်နေကြတာပါ။

Photo : ထာဝရနှောင်ကြိုး

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာ(၃၁) ရက်နေ့မှာ ရုံတင်ပြသခွင့်ရခဲ့ပါပြီ။ ဒါရိုက်တာကိုယ်တိုင် ဒီဇာတ်ကားကို သူမရဲ့ မွေးလမှာ ရုံတင်ချင်ခဲ့တာဖြစ်ပါတယ်။အခုတော့ သူမရဲ့ စိတ်ကူးလေး အထောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စတင်ရိုက်ကူးတဲ့ အချိန်ကတည်းက ပရိသတ်တွေနဲ့ အနုပညာလော ကသားတွေ ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဇာတ်ကားတစ်ကားပါ။

Photo : ထာဝရနှောင်ကြိုး

စက်တင်ဘာ(၁၈) ရက်နေ့မှာ Now & Ever ဇာတ်ကားရဲ့ Teaser စတင်ထွက်ရှိခဲ့ပြီး Teaser နဲ့တင် ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိနေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်ကားနမူနာမှာ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ရဲ့ သရုပ်ဆောင်မှုတွေက လုံးဝကို ပြီးပြည့်စုံနေတာတွေ့ရပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားရဲ့ လက်ရာ ဇဏ်ခီရဲ့ သဘာဝဆန်တဲ့ သရုပ်ဆောင်မှုနဲ့ ကာရိုက်တာပီပြင်လှတဲ့ ပိုင်ဖြိုးသုရဲ့ သရုပ်ဆောင်မှုတွေက ပရိသတ်တွေကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲဆိုတာ မကြာခင် သိရတော့မှာပါ။

“Now & Ever " ဇာတ်ကားက ဇဏ်ခီကိုယ်တိုင်ဇာတ်ညွှန်း ရေးသားထားတဲ့ ဇာတ်ကားတစ်ကားပါ။

Photo : ထာဝရနှောင်ကြိုး

‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဂျူးဂျူးကေ၊ ခင်သဇင်နဲ့ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး မြန်မာနိုင်ငံမှ ပရိသတ်တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီးကလည်း အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူတို့ဇနီးမောင်နှံရဲ့ ဇာတ်ကားသစ်ကို စောင့်ကြည့်နေသူတွေက အများအပြား ရှိလို့နေပါပြီ။

Share

Loading Next Article...
က္က