၈ ပွဲ ကစားပြီးချိန် ၈ မှတ်ဖြတ်ထားတာကတော့ ၂၀၁၄ ခုနှစ်က ချဲလ်ဆီး ချန်ပီယံဖြစ်စဉ်က မန်စီးတီးကို ၈ မှတ်ဖြတ်ခဲ့စဉ်နောက်ပိုင်း အမှတ်အများဆုံးအမှတ်ဖြတ်ခံရခြင်း ဖြစ်ပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ထိပ်ဆုံးက လီဗာပူးအသင်းက နိုင်ပွဲဆက်ခဲ့ပေမယ့် ဒုတိယနေရာ က မန်စီးတီးအသင်းကတော့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဝုလ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၈ မှတ်ထိ ကွာဟခဲ့ပေမယ့် လည်း ပြိုင်ပွဲက အစောကြီး ရှိသေးပြီး အခုမှ အောက်တိုဘာလပဲ ရှိသေးတယ်လို့ မန်စီးတီးနည်းပြ ဂါွဒီယိုလာ က လီဗာပူးကို သတိပေးစကားဆိုလိုက်တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
အခုလို ဒုတိယနေရာက အသင်းကို ထိပ်ဆုံးအသင်းက ၈ ပွဲ ကစားပြီးချိန်မှာ ၈ မှတ်ဖြတ်လိုက်တာက ၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်း ချန်ပီယံဖြစ်စဉ်က ဒုတိနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်စဉ် နောက်ပိုင်း အကြီးမားဆုံး အမှတ်ကွာဟမှုလည်း ဖြစ်လာခဲ့ပါတယ်။
“ ကျွန်တော့်ကောင်တွေအကြောင်း ကျွန်တော်အသိဆုံးပါ၊ သူတို့အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အမှတ်ကွာဟမှုက ကြီမားတယ်ဆိုပေမယ့် အခုချိန်က အောက်တိုဘာပဲ ရှိပါသေးတယ်။ ပွဲတွေ အများကြီး ကျန် ပါသေးတယ်။” လို့ ဂါွဒီယိုလာက ပြောခဲ့ပါတယ်။
ဒီနှစ်မှာ လီဗာပူးနဲ့ မန်စီးတီးက မတွေ့ဆုံရသေးပဲ လာမယ့်နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ အန်ဖီးလ်မှာ ထိပ်တိုကတွေ့ဆုံပါတော့မယ်။
စီးတီးကတော့ ဒီနှစ်မှာပရီးမီးယားလိဂ် ချန်ပီယံဆုကိုဆွတ်ခူးခဲ့မယ်ဆိုရင် ၂၀၀၇ ကနေ ၂၀၀၉ အထိ မန်ချက်စတာယူနိုက်တက်အသင်း ၃ နှစ်ဆက် ချန်ပီယံဆု ရယူအပြီး ပထမဆုံး ၃ နှစ်ဆက် ရယူနိုင်မယ့် အသင်း ဖြစ်လာတော့မှာပါ။
ဒါပေမယ့်လည်း ဒီနှစ်မှာတော့ အိမ်ကွင်း ပထမဆုံး ၄ ပွဲမှာ၂ ပွဲထိ ရှုံးထားပြီ ဖြစ်ပြီး ဒါဟာာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။