ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။
ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ ဖိလစ်ပိုင်ကစားသမားကို အလဲထိုးနိုင်ခဲ့တဲ့ မြန်မာကစားသမား အောင်လအန်ဆန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  အောက်တိုဘာ ၁၄ ရက်က ဂုဏ်ပြုလွှာချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Photo- Ministry of Health and Sports

အာက်တိုဘာ ၁၃ ရက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ One Championship Century MMA ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာကစားသမား အောင်လအန်ဆန်က စိန်ခေါ်သူ ကမ္ဘာ့ဟဲဗီးဝိတ် ချိန်ပီယံ ဖိလစ်ပိုင်ကစားသမား ဘရမ်ဒန်ဗီရာကို ဒုတိယ အချီမှာ ဒိုင်ပွဲရပ်အလဲထိုး အနိုင်ရယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လိုက်ဟဲဗီးဝိတ်တန်းမှာ ကမ္ဘာ့ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီး ဝိတ်တန်း (၂) ခု ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးလက်မှတ်ရေးထိုးပြီး ဂုဏ်ပြုလွှာ ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ် ခါးပတ်ကာကွယ်ပွဲကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ တခဲနက် စောင့်ကြည့်အားပေးခဲ့ကြပြီး ပရိသတ် (၃) ဦး နှလုံးခုန်မြန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က