သူ့ရဲ့ စိတ်က အရမ်းဖြူစင်တယ်။

အောန်ဆိုင်းက ကမ္ဘာကျော် အားကစားသမားတစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံသားတစ်ဦးလည်းဖြစ်တဲ့ One Championship ခါးပတ် ပိုင်ဆိုင်ထားသူ အောင်လအန်ဆိုင်းကို လေးစားရတဲ့အကြောင်းတွေ ပြောပြထားပါတယ်။

Photo: Awn Seng

အားကစားပွဲတိုင်းကို အမြဲအားပေးလေ့ရှိတဲ့ အောန်ဆိုင်းက သူမကိုယ်တိုင် ဂုဏ်ယူလေးစားရတဲ့ ပုဂ္ဂိုလ်အကြောင်းပြောပြလာပါတယ်။ သူကတော့ အောင်လအန်ဆိုင်းဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အားကစားဆိုရင်တော့ အောန်ဆိုင်းက ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံမှာ ဂုဏ်ယူရမယ့် အားကစားက အရမ်းရှားတယ်။ အဓိကက အောင်လဆိုတာ သိလည်းသိတယ်၊ ကိုယ့်လူမျိုးလည်း ဖြစ်နေတယ်၊ ဂုဏ်လည်း ဂုဏ်ယူတဲ့ အခါကျတော့ ကိုယ်အဆင်ပြေတဲ့ ပွဲတွေဆိုရင် သွားကြည့်ဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Awn Seng

အောန်ဆိုင်းရဲ့ အမြင်မှာတော့ အောင်လအန်ဆိုင်းက အားကစားသမားကောင်းတစ်ဦးဖြစ်တယ်လို့ သုံးသပ်ပြောပြခဲ့ပါတယ်။

‘’အမှန်အတိုင်းပြောရရင် သူ့ကို အရမ်းလေးစားတယ်။ အားကစားသမားကောင်းလည်းဖြစ်တယ်။ ပြောရရင် အိမ်ထောင်တစ်ခုမှာ ဖခင်ကောင်းတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အားကစားပိုင်းဆိုင်ရာ အစစအရာရာ ခံယူချက်ထားရမယ့် အားကစားသမားကောင်းတစ်ယောက်လို့မြင်တယ်။ သူ့ကိုကြည့်ပြီး ခွန်အားယူရတဲ့အရာတွေလည်း အများကြီးပဲ’’ လို့ သူကဆိုပါတယ်။

Photo: Awn Seng

အောင်လအန်ဆိုင်းဆီမှာ သူမကိုယ်တိုင် လေးစားအားကျ အတုယူရတဲ့အချက်တွေ အများကြီးရှိတယ်လို့လည်း မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’သူအရမ်းအောင်မြင်တယ်၊ သူ့ဆီမှာ အားလုံးရှိနေတယ်။ သူ့ကိုယ်သူ အရမ်းနှိမ့်ချတယ်။ သူ့အလုပ်အပေါ်မှာ အမြဲတမ်းကြိုးစားတယ်၊ အလုပ်ကိစ္စမဟုတ်ပဲ အပြင်သွားလာတဲ့အခါတွေမှာလည်း တွေ့တဲ့လူတွေကို လေးလေးစားစား ဆက်ဆံတဲ့လူတွေ အများကြီးပေါ့နော်။ သူ့ရဲ့ နှလုံးသား၊ သူ့ရဲ့ စိတ်ထားဖြူစင်တဲ့ ပုံစံက လှပတဲ့အရာတွေ အများကြီးမြင်ရတယ်။ အဖက်ဖက်က အများကြီးပါပဲ။ ပြောလို့တောင် ကုန်မှာမဟုတ်ဘူး’’လို့ ပြောပါတယ်။

Photo: Awn Seng

အောန်ဆိုင်းက အားကစားကို ဝါသနာသူဖြစ်သလို အနုပညာကိုလည်း ဝါသနာပါတာကြောင့် အခုဆိုရင် အောင်မြင်တဲ့ မော်ဒယ်လ် တစ်ယောက်ဖြစ်နေပါပြီ။ သူ့ကိုတော့ လက်ရှိ ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တချို့နဲ့ အတူ တက်သစ်စ မော်ဒယ်လ် တွေရဲ့ အားကျအတုယူခြင်းလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။

Share

က္က