အောင်လရဲ့ စိတ်က ကလေးဆန်ပေမယ့် ဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်လို့ ဝိုင်းစုခိုင်သိန်းရဲ့ မိခင်က ဆိုပါတယ်။
Photo : ဝိုင်းစုခိုင်သိန်း
ဝိုင်းစုခိုင်သိန်းရဲ့ မိခင်က အောင်လကို ချီးကျူးလိုက်တာပါ။ သမီးရဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်တဲ့ အောင်လအပေါ် သူမရဲ့ အမြင်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
“အောင်လရဲ့ စိတ်လေးက ဖြူစင်တယ်။ ကလေးဆန်တယ်ဆိုပေမယ့် ချစ်ဖို့ကောင်းတယ်။ဝိုင်းစုအပေါ်ကိုလည်း သည်းခံတယ်။ ဝိုင်းစုက ဆိုးတယ်။တစ်ခါတလေ ရန်ဖြစ်ရင်တောင် အောင်လဘက်ကနေ ပြောပေးရတာ။ ကိုယ့်သမီးကိုက ဆိုးနေတာ” လို့ ဝိုင်းစုခိုင်သိန်းရဲ့ မိခင် ဒေါ်မေရီက ဆိုပါတယ်။
Photo : ဝိုင်းစုခိုင်သိန်း
ဝိုင်းစုနဲ့ သူမရဲ့ မိခင်ဟာ သားအမိ ဆက်ဆံရေးထက် ညီအစ်မလို ဆက်ဆံရေးမျိုး ရှိတဲ့ မိသားစုလေးပါ။ အခက်အခဲတွေရှိတိုင်းလည်း မိခင်နဲ့ တိုင်ပင်ဖြစ်သလို ရန်ဖြစ်တာတွေလည်း ရှိတယ်လို့ ဝိုင်းစုက ဆိုပါတယ်။
“မေကြီးနဲ့ကတော့ ပြောလိုက်ဆိုလိုက်ပေ့ါ။ တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်တော့ရှိတယ်။ ပုံမှန်တော့ ရန်ဖြစ်နေကြတာများတယ်။ပွင့်ပွင့်လင်းလင်းပြောတယ်။ ငယ်ငယ်တုန်းကတော့ မေကြီးက ဆူတာပေ့ါနော်။အခုကတော့ ကိုယ်က ဆူတာပိုများတယ်”ဆိုပြီး မိခင်နဲ့သူမရဲ့ ဆက်ဆံရေးလေးကို ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။
Photo : ဝိုင်းစုခိုင်သိန်း
ဝိုင်းစုကတော့မကြာခင် ပရိသတ်တွေလက်ထဲ တစ်ကိုယ်တော်အခွေ အရောက်ပို့ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
‘’ဒီနှစ်အတွက်တော့ အစ်မ တစ်ကိုယ်တော်ရှိုးပွဲ မလုပ်ဖြစ်သေးဘူး။ အစ်မရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက်လည်း လုပ်နေတော့ အခွေ အသစ်ထွက်ပြီးတော့မှ အခြေအနေကြည့်ပြီးတော့ လုပ်ဖြစ် မလုပ်ဖြစ် သိမှာပေါ့။ အခွေအသစ်အတွက်က အသံသွင်းဖို့တွေကျန်သေးတယ်။ တချို့ သီချင်းလေးတွေ လက်စသက်ဖို့ ကျန်သေးတယ်။ အတီးလည်း လက်စသက်ဖို့ ကျန်သေးတယ်။ ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင်လို့ အစ်မ ကြိုးစားနေပါတယ်’’ လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။
Photo : ဝိုင်းစုခိုင်သိန်း
သူမဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။