ဒီကနေ့ အမှုဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လက်ရှိတာဝန်ဝန်ယူဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ လုပ်ငန်းကိုအသုံးချကာ ငွေအလွဲသုံးစားလုပ်တာတွေနဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုခဲ့တာတွေကြောင့် အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ကို လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ရာထူးအာဏာကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးဟာ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းလုပ်ဆောင်ရာမှာ နိုင်ငံတော်၏ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့သလို အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းမှာလည်း တင်ဒါအောင်မြင်ခဲ့တဲ့ လုပ်ငန်း(၂)ခုကို ဆောင်ရွက်ရာမှာ ကုမ္ပဏီက အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာနရဲ့ လုပ်ငန်းခွင်ရှိ ပုတ်ပြတ် နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြား ငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့ခဲ့သည်ကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီကနေ့ စက်တင်ဘာလ(၂၆)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ညွှန်ကြားရေးမှူး ဦးမင်းခိုင် ကလည်း ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ရေအားလျှပ်စစ် ဒီဇိုင်းများနဲ့ ပတ်သက်ပြီး မူလကမ်းလှမ်းသော ဈေးနှုန်းထက်ပိုတဲ့ တန်ဖိုးဖြင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခ အဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေ အဖြစ်လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတို့သည်ကလည်း ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်။

ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဒီကနေ့ စက်တင်ဘာလ(၂၆)ရက်နေ့မှာ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က