စိုးမြတ်သူဇာက မြင့်မြတ်အတွက် ဂုဏ်ယူတယ်လို့ဆိုပါတယ်။

‘’ဂျင်းကောင်’’ ရုပ်ရှင်ဇာတ်ကားကြီး ထဲကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ရုံတင်ပြသနေပြ့ီဖြစ်ပါတယ်။ ဂျင်းကောင် ကာရိုက်တာကတော့ မြင့်မြတ်ကို ပရိသတ်လက်ခံပြီးသား ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ 

Photo: ဂျင်းကောင်



ပရိသတ်တွေ စောင့်မျှော်အားပေးခဲ့ကြတဲ့ ဂျင်းကောင်ရုပ်ရှင်ဇာတ်ကားကြီးက ဖေဖော်ဝါရီလ ၈ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အောင်မြင်မှုကတော့ ရုံစတင်တဲ့နေ့မှာတင် ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဂျင်းကောင်ကာရိုက်တာဟာ မြင့်မြတ်အတွက် မစိမ်းတဲ့ ကာရိုက်တာတစ်ခုလို့ ပြောရမှာပါ။

ဂျင်းကောင်ပုံစံကိုတော့ ဗိုလ်အောင်ဒင်ချစ်သောမိန်းမများ ဗီဒီယိုဇာတ်ကားမှာကတည်းက ပရိသတ်တွေ သတိထားအားပေးခဲ့ကြတာဖြစ်ပြီး မြင့်မြတ်ရဲ့ ကာရိုက်တာအတိုင်း အပြင်မှာ လိုက်လုပ်တဲ့သူတွေတောင် ရှိခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုကားကိုလည်း ဒါရိုက်တာကိုပါက်ကပဲ ပုံဖော်ရိုက်ကူးခဲ့တာပါ။ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်လိုက်တဲ့အချိန်မှာတော့ ဗီဒီယိုဇာတ်ကားတုန်းကထက် ပိုကောင်းပြီး မတူညီတဲ့ ဇာတ်ဝင်ခန်းတွေလည်း အများကြီး ထည့်သွင်းထားတာကို တွေ့ရပါတယ်။ 

Photo: ဂျင်းကောင်

‘’ဂျင်းကောင်’’ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်အတွက် အကယ်ဒမီစိုးမြတ်သူဇာက ဂုဏ်ယူတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာတော့ စိုးမြတ်သူဇာက စမာကလာ ကိတ်ကြီးဆိုတဲ့ အပျိုကြီး ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

‘’ မြင့်မြတ်က တော်တော်လေးကို အိုက်တင်ကောင်းရှာပါတယ်။ ဘာပဲဖြစ်ဖြစ်လေ ဂျင်းကောင်ဆိုတဲ့ ကာရိုက်တာ တစ်ခုကို မြန်မာတစ်ပြည်လုံးမှာ ကျော်ကြားအောင်၊ လူသိအောင် အောင်မြင်တယ်ဆိုတာ အင်မတန် ဂုဏ်ယူဖို့ကောင်းပါတယ်။ သူတော်ပါတယ်’’လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။ 

Photo: ဂျင်းကောင်

‘’ဂျင်းကောင်’’ ဇာတ်ကားထဲမှာ သွားခေါခေါလေးနဲ့ တောသူမလေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာကတော့ ခိုင်သင်းကြည်ဖြစ်ပါတယ်။

‘’ မြင့်မြတ်အနေနဲ့ ဗီဒီယိုမှာလည်း ဂျင်းကောင် ကာရိုက်တာလေး ပေါက်ခဲ့တယ်။ ရုပ်ရှင်ကားကြီးမှာတော့ ဗီဒီယိုထက် အများကြီးပိုကောင်းအောင် ကိုပေါက်ကလည်း ရိုက်ကူးပေးထားတယ်။ မင်းသမီးကလည်း ၄ ယောက်၊ ပြီးတော့ အစ်မပါတဲ့ ဇာတ်ဝင်ခန်းတိုင်းကလည်း ရယ်နေရတာပေါ့’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ဂျင်းကောင်

ဂျင်းကောင်(Ginn Kaung)ရုပ်ရှင်ဇာတ်ကားကို လာဗင်ဒါ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာကိုပေါက် က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်(Myint Myat)၊ အရိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်း နဲ့ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က