ချမ်းချမ်းကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ ပြည်ပခရီးကို ရောက်နေတာဖြစ်ပါတယ်။ သတိတရနဲ့ မွေးနေ့ ဆုတောင်းပေးခဲ့ကြ တဲ့ ပရိသတ်တွေကြောင့်လည်း ပျော်ရွှင်ရပါတယ်တဲ့။
Photo: Chan Chan Facebook
စက်တင်ဘာလ ၁၄ ရက်နေ့ ဒီနေ့ကတော့ ပရိသတ်အချစ်တော် အဆိုတော်ချမ်းချမ်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာတော့ သြစတေးလျနိုင်ငံကို ညီအစ်မတွေနဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့မွေးနေ့ကိုလည်း သတိတရဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှွင်ကျေနပ်ခဲ့တယ်လို့ ဆိုပါတယ်။
'' ကျမကို birthday wish လုပ်ပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းပရိတ်သတ်တွေအားလုံးကိုကျေးဇူးပါ။ ကျွန်မကအရင်ကလိုလဲအနုပညာထက် သမီးနဲ့စီးပွားရေးဘက်ကိုလှည့်နေရချိန်မှာ ကျွန်မကိုသတိရမယ့်သူတွေမရှိတော့လောက်ဘူးတောင်ထင်တာ။ ဘဝမှာအရင်ကလို အနုပညာ တွေကို အများကြီးမချပြနိုင်တော့ပေမဲ့ တတ်နိုင်သမျှ quality ကိုထိန်းပြီးဖန်တီးနေပါတယ်'' လို့ သူကဆိုပါတယ်။
Photo: Chan Chan Facebook
ချမ်းချမ်းဟာ သြစတေးလျနိုင်ငံ ရဲ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ သူ့ကိုယ်သူ မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။ အရင်လို အနုပညာအလုပ် တွေ မလုပ်ဖြစ်ပေမယ့် အေးချမ်းတဲ့ ဘဝလေးနဲ့ပဲ ရပ်တည်သွားချင်တယ်ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
''စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ ကျမဘဝဒီထက်စိတ်အေးချမ်းပါရစေ။ ဘာအောင်မြင်မှုမှလဲမလိုချင်ပါဘူး။ အေးချမ်းတဲ့ ဘဝလေးပဲ လိုချင်ပါတယ်။ ပေးသမျှဆုတောင်းတွေအတွက်လဲကျေးဇူးပါ..ausi မှာတော့ ၁၄ရက်နေ့ရောက်သွားပြီ။ lthank u my fans...love u all...good night'' ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။
Photo: Chan Chan Facebook
တစ်ယောက်တည်းနေရတာလည်း အဆင်ပြေပါတယ်ဆိုတဲ့ ဘုဏ်းသိုက်
ချမ်းချမ်းက အနုပညာအလုပ်တွေလည်း လုပ်နေရသလို သမီးလေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်လျှက်ရှိပါတယ်။ သူ့ကိုယ်သူလည်း အမြဲတမ်း ပျော်အောင်နေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့လည်း ခြေလှမ်းတွေ စတင်နေပြီလို့ ဆိုပါတယ်။
Photo: Chan Chan Facebook
အဆိုတော်ချမ်းချမ်းရဲ့ အနုပညာလှုပ်ရှားမှုကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းအသစ်လေးတစ်ခုဖြစ်တဲ့ ' တစ်ခုတည်း' ဆိုတဲ့ သီချင်းလေးကို ဇူလိုင်လ ၁၀ ရက်နေ့က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲပါတယ်။ အချစ်သီချင်း မြူးမြူးဖြစ်လို့ အားပေးတဲ့ ပရိသတ်တွေ လည်း အများကြီးရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။