Line Walker 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရရှိခဲ့လို့ပါ။

ကမ္ဘာကျော် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ကားမှာ အောင်မြင့်မြတ် ပါဝင်ဖြစ်ခဲ့ပုံတွေကို ချစ်သူဖြစ်တဲ့ အိမီမီကို က ပြောပြလာပါတယ်။ အောင်မြင့်မြတ်ရဲ့ ဆန္ဒတွေ ဖြစ်မြောက်လာလို့လည်း ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ 

Photo: အောင်မြင့်မြတ်



အောင်မြင့်မြတ်က ကမ္ဘာကျော် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေရတာဖြစ်ပါတယ်။ ဒီလို ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကိုလည်း အောင်မြင့်မြတ်ရဲ့ ချစ်သူ အိမီမီကိုက Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ အဲဒီမှာ ပါဝင်နေတဲ့ မSnow Mily က ဒီဇာတ်ကားအတွက် Casting ခေါ်နေတယ်။ လာမလားပေါ့ မေးတော့။ သူကလည်း အဆင်ပြေတယ် လာခဲ့မယ် ပြောပြီးတော့ သွားလိုက်တယ်။ ပထမကတော့ ဗီဒီယိုဖိုင်ပို့ခိုင်းတာ ဒါပေမယ့် ကိုယ်တိုင်သွားပြီးတော့ Casting လျှောက်လိုက်မယ် ဆိုပြီးတော့ သွားလိုက်တာ။ သူကိုယ်တိုင်ကလည်း Casting ဝင်တဲ့ အပိုင်းက လာတာဆိုတော့ အတွေ့အကြုံအသစ်လည်း လိုချင်တာဆိုတော့ ဖြေလိုက်တယ်။ တစ်ခြားသူတွေလည်း လျှောက်ထားတာ ဆိုတော့ တစ်ပတ်လောက်ကြာသွားတော့ မပါတော့ဘူးလို့ ထင်ထားတာ။ တစ်နေ့ကမှ သေချာသွားတယ်၊ ဒီနေ့တော့ ရိုက်ပြီပေ့ါ’’ လို့ သူကဆိုပါတယ်။

Photo: Line Walker 2

အောင်မြင့်မြတ်ရဲ့ ဆန္ဒတွေ ဖြစ်မြောက်လာတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ အိမီမီကိုက ဆိုပါတယ်။ ပါဝင်ရမယ့် အခန်းကဏ္ဍကိုတော့ သေသေချာချာ မသိရှိရသေးဘူးလို့လည်း ဆက်လက်ဖြေဆိုခဲ့ပါတယ်။

‘’သူပါဝင်မယ့် အခန်းကဏ္ဍကို ရိုက်မယ့်နေ့မှ သိရမယ်ပေါ့နော်။ အစ်မလည်း သေသေချာချာ မသိရသေးပါဘူး။ သူက ဒီလိုမျိုးအတွေ့အကြုံလေးတွေ ရချင်နေတာ ကြာခဲ့ပြီပေါ့။ တခြားနိုင်ငံကို သွားဖို့ဆိုတာကလည်း မလွယ်ကူသေးဘူးလေ။ ဒီလိုမျိုးရွေးချယ်ခံရတယ်၊ သူလေ့လာချင်တဲ့ အပိုင်းတွေကို ထဲထဲဝင်ဝင် လေ့လာပြီး မြင်ရတွေ့ရမှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာတယ်။ သူဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်’’ လို့ ဆိုပါတယ်။

Photo: အောင်မြင့်မြတ်

Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်တွေကိုလည်း လေ့ကျင့်ရေးတွေ စတင်ပြုလုပ်ပေးနေပြီလို့ ဆိုပါတယ်။

‘’သူ့ကို မနက် ၆ နာရီကနေ Stand By ရှိနေရတာပေါ့နော်။ ပြီးတော့ မနေ့က( ဖေဖော်ဝါရီလ ၁၇) ရက်နေ့ ညကတည်းက အိမ်မပြန်ဘူး။ အဲဒီအနားက ဟိုတယ်မှာပဲ အိပ်ရတာ။ အနည်းဆုံးကတော့ မနက် ၆ နာရီကနေ ည ၈ နာရီအထိ လေ့ကျင့်ရေးတွေ လုပ်နေရတာ’’ လို့ သရုပ်ဆောင် အောင်မြင့်မြတ်ရဲ့ချစ်သူ အိမီမီကို က Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။

Photo: အောင်မြင့်မြတ်

Line Walker 2 ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဟောင်ကောင်နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ အနုပညာရှင်တစ်ဦးအနေနဲ့ အောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ် အတွင်းက ရုံတင်ပြသခဲ့တဲ့ ‘’ဥပါတံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့ပါတယ်။ ‘’ဥပါတံမျဉ်’’ ဇာတ်ကားထဲမှာ "သိန်းစိုး" ဇာတ်ကောင်နေရာကနေ အောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က