အနုပညာကို ရူးသွပ်လွန်းသူလေး။

"မြ" ကာရိုက်တာလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ကူးကူးဇင်အောင်ကတော့ အနုပညာကို ရူးသွပ်လွန်းသူတစ်ယောက်ပါ။ ဘယ်လိုအခက်အခဲတွေ ရှိပါစေ ရှေ့ဆက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Photo : ကူးကူးဇင်အောင်

“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ “မြ” ဆိုတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထားတဲ့ ကူးကူးဇင်အောင်ကတော့ ယဉ်ကျေးမှု တက္ကသိုလ်က တတိယနှစ်ကျောင်းသူလေး တစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတဲ့ သူဟာ ယဉ်ကျေးမှုတက္ကသိုလ်မှာ အနုပညာမေဂျာကို အဓိက ယူပြီး ပညာသင်ယူနေခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတက်နေရင်းကျောင်းက ပရောဂျက်လေးတွေကို ဖန်တီးဖြစ်ခဲ့တဲ့ သူမဟာ အနုပညာလောကထဲကို ၂၀၁၆ခုနှစ်လောက်က စတင်ဝင်ရောက်လို့လာခဲ့ပါတယ်။ သူဟာ "Good Old Day" ရုပ်ရှင်ထုတ်လုပ်ရေးက ပြုလုပ်တဲ့ လူရွေးပွဲကနေ အဆင့်ဆင့်ရွေးချယ်ခံခဲ့ရပြီး "သူစိမ်းအိမ်" ထဲက "မြ" ဆိုတဲ့ ကောင်မလေး ဖြစ်လာခဲ့တာပါ။

Photo : ကူးကူးဇင်အောင်

“ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဗီဒီယို ကလစ်လေးတွေ ရိုက်ရင်းနဲ့ ပိုးက ဝင်လာတာ။ ယူထားတဲ့ မေဂျာကလည်း အနုပညာပိုင်းဆိုတော့ ကျောင်းမှာ ပရောဂျက်လေးတွေ လုပ်ရင်း ဝါသနာက ပိုပိုးလာတာပေ့ါ။ ကူးကသရုပ်ဆောင်ပို င်းကို အရမ်းဝါသနာပါတယ်။ ၂၀၁၆မှာ သူစိမ်းအိမ်ဇာတ်ကားက လူရွေးချယ်ပွဲမှာ ဝင်ရွေးခံခဲ့တယ်။ အဲဒီကတည်းက ရွေးလိုက်တယ်ရွေးပြီး အရင် train တယ်ပြီးမှ သူစိမ်းအိမ်ထဲက မြအဖြစ်နဲ့ လိုက်တယ်ဆိုပြီး ထပ်အရွေးခံရတယ်။ နောက်ထပ် မြဇာတ်ရုပ်ဖြစ်ဖို့ ၂လလောက် ထပ်ပြီး Train ရတယ်။ ပြီးတော့ မြ ဖြစ်လာခဲ့တာပေ့ါ” လို့ သူမကပြောပါတယ်။

အဲဒီနောက် အနုပညာလောကထဲ ရောက်မှန်းမသိ ရောက်ခဲ့တဲ့ သူမဟာ အနုပညာကို အရမ်းရူးသွပ်လာခဲ့ပါတယ်။ ဖျားနေရင်တောင်မှ အလုပ်လုပ်နေရရင် ပျော်နေတတ်သူပါ။ သူမအခုလို အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားခွင့်ရတာကလည်း အိမ်ရဲ့ ပံ့ပိုးမှု ရာနှုန်းပြည့် ရထားတာကြောင့်လို့ ဆိုပါတယ်။

“အိမ်ရဲ့ ပံ့ပိုးမှုက အပြည့်ပါပဲ။ ကူးကူးလုပ်ချင်တဲ့ အရာတွေ အကုန်လုံးကို အနောက်ကနေ ပံ့ပိုးပေးပါတယ်။ စိတ်ချမ်းသာတယ်။ ကိုယ့်ဘာသာကိုယ်လည်း စိတ်ပေ့ါပေ့ါပါးပါးနဲ့ လုပ်လို့ရတဲ့အတွက် အရမ်းကျေနပ်မိတယ်။ ကူးကို အိမ်က အကောင်းဆုံး ဖြစ်စေချင်တယ်။ ကြိုးစားခွင့်ရအောင်လည်း အနောက်က ပံ့ပိုးပေးတယ်။ pressure ပေးတာမျိုး မရှိဘူး ။အစွမ်းကုန်ပံ့ပိုးပေးတယ်။ အားပေးတယ်။ အဲ့ဒါကြောင့်လည်း ကူးရဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်"ဆိုပြီး Duwun Media ကနေ ပြောခဲ့ပါသေးတယ်။

Photo : ကူးကူးဇင်အောင်

နက်နဲကျယ်ပြန့်လွန်းတဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အသစ်တွေအတွက် ခက်ခဲမှုတွေက ကြိုဆိုလျက်ပါ။ လက်တွဲခေါ်တဲ့ ဆရာကောင်းသမားကောင်းတွေ အနားမှာ ရှိနေခဲ့တာ သူမအတွက် ကံကောင်းပေမယ့်လည်း အချိန်တိုင်းတော့ အရာရာ အဆင်ပြေနေခဲ့တာ မျိုးတော့ မဟုတ်ပါဘူး။ သူမကတော့ ဘယ်လိုအခက်အခဲမျိုးပဲ ကြုံကြုံ ဒီလောကကို စွန့်ပစ်ပြီး ထွက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

"ကူးတစ်ယောက်တည်း ကြိုးစားခဲ့ချိန်မှာ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ အခက်အခဲတွေက ကြီးကြီးမားမားမျိုး မဟုတ်ပေမယ့် စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေ ရှိတယ်။ အဲ့လိုရှိပေမယ့်လည်း ဒီလောကထဲက ထွက်သွားတော့မယ် ဆိုပြီး စဉ်းစားမိတာတွေမရှိခဲ့ဘူး။ အခုလက်ရှိကတော့ “Good Old Day” ရုပ်ရှင်ထုတ်လုပ်ရေး နဲ့ လုပ်လာရတဲ့ အချိန်မှာ ကူးဘေနားမှာ ရှိတဲ့ သူတွေက လက်တွဲခေါ်တယ်။ေ ဖးမတယ်။ကူညီပေးကြပါတယ်။စိတ်ညစ်တဲ့အချိန်တွေစိတ်ဓာတ်ကျတဲ့အချိန်တွေဆို တခြားနည်းနဲ့ ဖြေဖျောက်တယ်။ ထွက်သွားဖို့ကို မတွေးဘူး။ ကူးအရမ်းချစ်တဲ့ အနုပညာအလုပ်မို့လု့ိပါ။ ကူးကတော့ဘယ်လိုအခက်အခဲပဲ ရှိရှိ ကြိုးစားသွားမှာ” လို့ သူမက ဆိုပါတယ်။

Photo : ကူးကူးဇင်အောင်

သူမရဲ့ စိတ်ကူးအိပ်မက်ကတော့ အားလုံးက လက်ခံပြီး ချစ်ခင်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ပါပဲ။ “သူစိမ်းအိမ်” ထဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ သူမဟာ အခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပါပြီ။ ကြော်ငြာရိုက်ကူးမှုတွေလည်း လက်ခံထားသလို ဇာတ်ကားရိုက်ကူးမှုတွေလည်း လက်ခံထားတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ထပ်မံပါဝင်ခွင့်ရရှိထားပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သူမကို “သူစိမ်းအိမ်”ထဲက ကာရိုက်တာနဲ့ မတူတဲ့ ပုံစံမျိုးနဲ့တွေ့မြင်ရမှာဖြစ်လို့ စောင့်မျှော်အားပေးဖို့ တောင်းဆိုထားပါသေးတယ်။

Share

Loading Next Article...
က္က