ကန့်ကွက်လွှာကို တိုင်းအဆင့်အထိ ဆက်လက်တင်ပို့သွားမယ်လို့ပြောပါတယ်။

ကော့မှူးမဲဆန္ဒနယ်မှာ NLD ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဦးဌေးအောင်ရဲ့ကန့်ကွက်လွှာတင်ချက်ကို ရွေးကောက်ပွဲကော်မရှင်က လက်ခံစိစစ်ပြီးနောက် ဒီနေ့မှာ ပယ်ချခဲ့ပါတယ်။ 

ကန့်ကွက်လွှာကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တဲ့အပေါ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးအောင်က ဒီနေ့ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ကန့်ကွက်လွှာကို တိုင်းအဆင့်အထိ ဆက်လက်တင်ပို့သွားမယ်လို့ပြောပါတယ်။



"ကျွန်တော့်ကိုတော့ ကန့်ကွက်လွှာကို ခရိုင်အဆင့်အနေနဲ့ပယ်ချတယ်။ ဒါပေမယ့် ဆက်ပြီးတင်ချင်တယ်ဆိုရင် တိုင်းဆင့်ကိုပေးပို့လို့ရတယ်လို့ပြောပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဆက်ပြီး ကန့်ကွက်သွားမှာပါ။ တိုင်းအဆင့်မှာလည်း ပယ်ချမယ်ဆိုတာသိပေမယ့် အနည်းဆုံးတော့ မှတ်တမ်းအနေနဲ့ကျန်ရစ်အောင်လုပ်မှာပါ။"လို့ ဦးဌေးအောင်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 

ဦးဌေးအောင်ရဲ့စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး NLD ပါတီအနေနဲ့လည်း တုံ့ပြန်မှုပြုလုပ်မှာဖြစ်ပြီး ဥပဒေအကြံပေးအဖွဲ့ရဲ့အကြံပေးချက်တွေကို အမှုဆောင်အစည်းအဝေးမှာ ပြန်လည်သုံးသပ်ပြီးထိထိရောက်ရောက်တုံ့ပြန်မယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

ဦးဌေးအောင်အနေနဲ့ ကော့မှူးမှာ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမယ့် ဒေါ်ဆောင်ဆန်းစုကြည်ကို နိုင်ငံခြားအထောက်အပံ့ရယူခြင်း၊ ကိုဗစ်ကာလအတွင်းပြည်သူတွေကိုထောက်ပံ့တဲ့ နိုင်ငံတော်ဘတ်ဂျတ်ကိုအသုံးချပြီးမဲဆွယ်စည်းရုံးခြင်းအစရှိတဲ့စွပ်စွဲချက်တွေနဲ့ သြဂုတ်လ ၁၂ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာတင်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကန့်ကွက်လွှာကို စိစစ်ပြီးနောက် နိုင်ငံခြားထောက်ပံ့ငွေရယူခြင်းအတွက်ခိုင်လုံတဲ့သက်သေအထောက်အထားမရှိသလို၊ ထောက်ပံ့ကြေးပေးပြီးမဲဆွယ်စည်းရုံးမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်ခဲ့ခြင်းမရှိဟုဆိုကာ ပယ်ချခဲ့တာဖြစ်ပါတယ်။ ဦးဌေးအောင်က ခိုင်လုံတဲ့သက်သေအထောက်အထားနဲ့အတူ တိုင်းအဆင့်ကို ဆက်လက်တိုင်ကြားမယ်လို့ဆိုခဲ့ပြီး အစိုးရတရပ်အပြောင်းအလဲဖြစ်စေနိုင်တဲ့အထိခိုင်လုံတဲ့ သက်သေရှိတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က