စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ဖျော်ဖြေပွဲအပြီးမှာ အမှိုက်သိမ်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ Birthday Show ကိုတော့ ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Sai Sai Mandalay Show ကိုတော့ မန္တလေးမှာ ပြုလုပ်ခဲ့တာပါ။
Photo: DARKSIDE
စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ Birthday Show ပွဲနဲ့ Sai Sai mandalay Show ပွဲ နှစ်ပွဲစလုံး ရဲ့ အဆုံးသတ်မှာ အမှိုက်သိမ်းပေးကြတဲ့ ပရိသတ်တွေကြောင့်လည်း မမေ့နိုင်စရာ အမှတ်တရ ရှိခဲ့ပါတယ်တဲ့။ သူ့ရင်ထဲက ကျေးဇူးတင်စကားကိုလည်း အခုလို ပြောပြထားတာ တွေ့ရပါတယ်။
‘’ပွဲအပြီးမှာ ဝိုင်းပြီး အမှိုက်သိမ်းပေးကြတာ ဒီနှစ်ရဲ့ အမှတ်တရတစ်ခုပါပဲ။ ရန်ကုန်ပွဲရော၊ မန္တလေးပွဲရော ၂ပွဲလုံးမှာ စံချိန်တင် ပရိသတ်များခဲ့ပြီးတော့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်များကို အထူး လေးစားစွာ ကျေးဇူးတင်ပါကြောင်း ပြောကြားရင်းနဲ့ ကျွန်တော့်မှာရှိတဲ့ပုံတွေကတော့ ဒါအကုန်ပဲဗျို့ ။ 15/16 TV မှာပေါ်မှာပြန်ဆုံကြပါမယ် Stay Tuned with Sai #SaiMdy19 #Bdayshow19’’ ဆိုပြီးတော့ ဇွန် လ ၅ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။
Photo: DARKSIDE
မန္တလေးမှာ (၂)နှစ်ကျော်ကြာမှ ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ရှိုးပွဲကြီးကတော့ တကယ့်ကို အားရစရာပါပဲ။စိုင်းစိုင်းရဲ့ SAISAI MANDALAY SHOW ပွဲကြီးကို မေလ(၂၅) ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တာပါ။ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့တဲပရိသတ်တွေကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။
“စံချိန်တင်ပရိသတ်နဲ့ SAISAI MANDALAY SHOWအားလုံးနဲ့အတူ ကြီးကျယ်ခမ်းနားစွာ အေးချမ်းပျော်ရွှင်စွာ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့အတွက် ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေရော သူငယ်ချင်းမိတ်ဆွေတွေရော စီစဉ်သူတွေ Sponsor တွေ အဖွဲ့သားတွေရော အထူးသဖြင့် အနယ်နယ်အရပ်ရပ်က ရွှေပွဲလာ ဧည့်ပရိသတ်ကြီးနဲ့တကွ ဒီကွင်းထဲမှာ ရှိကြကုန်သော လူတွေအကုန်လုံး အပြင် မန္တလေးတစ်မြို့လုံး ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားဖူးပါတယ်။
Photo: DARKSIDE
စိုင်းစိုင်းရဲ့ ရှိုးပွဲကို ကြည့်တဲ့ ပရိသတ်တွေကလည်း နောက်နှစ်တွေမှာ ဒီထက် ကျယ်တဲ့ ကွင်းပြင်မှာ လုပ်ဖို့ အကြံပေးထားပါသေးတယ်။ စိုင်းစိုင်းရဲ့ အောင်မြင်မှုတွေကတော့ အခုထက်ထိကို လျော့မသွားခဲ့ပါဘူး။ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။
သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Thein Than Oo
စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။