နိုင်ငံတကာမှာတော့ ဒီနည်းကိုအသုံးပြုလျှက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ COVID 19 ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး ပိုးတွေ့လူနာတွေကို ကုပေးနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယာယီအကြံပေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ အကြံပေးအဖွဲ့က ရောဂါပျောက်ကင်းသွားသူတွေရဲ့သွေးရည်ကြည်ကိုသုံးပြီး ရောဂါကုဖို့အတွက် စီစဉ်နေပါတယ်။ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာလည်း အခုလို ကုထုံးနည်းကို သုတေသနလုပ်ထားတာတွအများကြီးရှိလို့ မြန်မာနိုင်ငံလည်း စတင်စမ်းဆောင်ရွက်မှာဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



“ ဒီနည်းက ကနိုင်ငံတကာမှာ အီဘိုလာဖြစ်ပွားခဲ့စဉ်ကတည်းက လုပ်ဆောင်ခဲ့တဲ့ ကုထုံးပေါ့နော်။ရောဂါပျောက်ကင်းသွားသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာက ဒီပိုးကိုတိုက်ထုတ်နိုင်တဲ့ အားတွေ၊ စစ်သည်တွေရှိတဲ့သဘောပါပဲ။ ရောဂါကိုနိုင်သွားတဲ့သူတွေပေါ့။ အခုလို ရောဂါပိုးကို နိုင်သွားတဲ့အရာကလည်း သူတို့ရဲ့သွေးထဲမှာရှိနေတော့ တခြားရောဂါရှိနေတဲ့သူတွေကိုလည်း ပျောက်ကင်းအောင်လုပ်ဆောင်ပြီး ကုသတဲ့သဘောပါ။ မြန်မာနိုင်ငံမှာတော့ ဒီနည်းက ပထမဆုံးဆောင်ရွက်မယ်။ ဒါပေမယ့် လုပ်သင့် မလုပ်သင့်ဆိုတာကိုတော့ အကြံပေးအဖွဲ့မှာပါတဲ့ ပါရဂူတွေ၊ ပါမောက္ခတွေကပဲ စဉ်စားဆုံးဖြတ်မှာပါ” လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ 

COVID 19 ရောဂါပိုး သက်သာသွားသူတွေရဲ့ သွေးရေကြည်တွေကို အသုံးပြုပြီး ပိုးတွေ့လူနာတွေကို ကုသပေးနိုင်ဖို့အတွက် နိုင်ငံတကာကုထုံးတွေ၊ သုတေသနတွေ့ရှိချက်တွေ၊ ဆေးပညာကျင့်ဝတ်တွေပေါ်မူတည်ပြီး နိုင်ငံတွင်းဆောင်ရွက်ဖို့ ဖြစ်နိုင်တဲ့အခြေအနေတွေကို စဉ်းစားသုံးသပ်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို ခုထုံးနည်းက မြန်မာနိုငံမှာပထမဆုံးဆောင်ရွက်မှာဖြစ်လို့ သေချာလေ့လာသုံးသပ်ပြီးမှ လုပ်သင့်၊မလုပ်သင့်ကို ပညာရှင်တာဝန်ရှိသူတွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောကြားခဲပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က