အလုံမြို့နယ်က လူနာနံပါတ် (၁၈၁)က NLD ပါတီဝင်တစ်ဦးဖြစ်သလို ပရဟိတလုပ်ဆောင်နေသူလည်းဖြစ်ပြီး သူ့မှာ ရောဂါပိုးမတွေ့ရှိခင် (၅)ရက်အလိုလောက်က Mask တွေလိုက်ဝေဖူးတယ်လို့ သိရပါတယ်။
ပရဟိတအဖွဲ့မှာ NLD ပါတီဝင်တွေလည်း ပါဝင်တာကြောင့် လူနံပါတ် (၁၈၁)မှာ ရောဂါပိုးတွေ့ပြီးနောက် တခြားပါတီဝင် (၈)ဦးကိုလည်း Quarantine ထားရှိတယ်လို့ အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက Duwun ကိုပြောပါတယ်။
“ သူတို့ဖွဲ့ထားတဲ့ ပရဟိတအဖွဲ့မှာက NLD ပါတီဝင်တော်တော်များများပါနေတယ်။ မေလ(၈)ရက်နေ့က သူတို့ ပရဟိတအဖွဲ့က အနောက်ပိုင်းဆေးရုံမှာ Mask လှူတာတွေနဲ့၊ အလုံမြို့နယ်အတွင်းမှာလည်း Mask ဝေတာတွေလုပ်ခဲ့တယ်။ အခုတော့ သူနဲ့ ထိတွေ့မှုရှိထားတဲ့ ပါတီဝင်တွေကိုတော့ Quarantine လုပ်ထားပါတယ်" ဒေါ်နွယ်နွယ်ဝင်းကပြောပါတယ်။
လူနာ နံပါတ်(၁၈၁)နဲ့ ထိတွေ့ခဲ့တဲ့ မြို့နယ် NLD ဒုတိယဥက္ကဌအပါအဝင် ပါတီဝင် (၇)ယောက်ကို Quarantine ထားရှိထားတာပါ။
လူနာနံပါတ်(၁၈၁)က အမေများနေ့က ရိုက်ကူးရေးတစ်ခုလုပ်ခဲ့ပြီး လာရောက်ရိုက်ကူးတဲ့အဖွဲ့ဝင်တစ်ဦးဆီကနေ ကူးစက်မှုခံခဲ့ရတာပါ။ သားအမိနှစ်ယောက်အတူနေထိုင်တာဖြစ်ပြီး သမီးဖြစ်သူမှာရောဂါပိုးမတွေ့ရှိခဲ့ပဲ မိခင်ဖြစ်သူမှာသာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာေတော့ အလုံမြို့နယ် ဧရာဝတီလမ်းက လူနာနံပါတ်(၁၈၁)ရဲ့ နေအိမ်တစ်ခုတည်းကိုသာ lockdown လုပ်ထားတာဖြစ်ပါတယ်။