developers တစ်ချို့ကိုလည်း တရားစွဲသွားမယ်လို့ဆိုပါတယ်။

Cambridge Analytica ဒေတာအရှုပ်တော်ပုံ စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့သောင်းနဲ့ချီတဲ့ apps တွေကို ဆိုင်းငံ့အရေးယူထားတယ်လို့Facebook က ကြေညာပါတယ်။

အချက်အလက်များ မလျော်မကန် သုံးစွဲမှုနဲ့ပတ်သက်လို့အရေးယူထားတာ ဖြစ်ပြီး အခုလို ယာယီဖြုတ်ချခံရတဲ့ apps တွေဟာ developers ၄၀၀ ခန့်နဲ့ဆက်စပ်မှု ရှိတယ်လို့လည်း Facebook ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Verge သတင်းက ဖော်ပြထားပါတယ်။

Photo: Asian Age

Facebook ပူးပေါင်းမှုရေးရာ ဒုဥက္ကဌ အီမီအာချီဘွန်းကတော့ Facebook အနေနဲ့တစ်ချို့apps တွေကို အပြီးတိုင် ပိတ်ပင်လိုက်ပြီ ဖြစ်တယ်လို့ဆိုပါတယ်။ " ဒီ apps တွေဟာ ကျွန်တော်တို့ဆီက ရယူထားတဲ့ အချက်အလက်တွေကို မလျော်မကန် ပြန် Share တာမျိုး ၊ လူတွေရဲ့ အချက်အလက်တွေကို မကာကွယ်ဘဲနဲ့public ချပြတာမျိုး စတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒကို ချိုးဖောက်တဲ့ ပြဿာနတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။" လို့အာချီဘွန်းက ရေးထားပါတယ်။

Facebook ဟာ တစ်ချို့developers တွေကို ကုမ္ပဏီရဲ့ ပလက်ဖောင်းကို access ရယူခွင့် ထာဝရပိတ်ပင်ထားတယ်လို့ကြေညာထားပြီး developers ဘယ်နှစ်ယောက်ကို အရေးယူထားသလဲဆိုတာ မပြောထားပါဘူး။ တစ်ချို့apps တွေဟာ သုံးစွဲသူ ခြိမ်းခြောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

Photo: BBC



၂၀၁၈ မေလက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica အချက်အလက် အရှုပ်တော်ပုံဖြစ်ပြီးနောက် Facebook ဟာ developers တစ်ချို့နဲ့လည်း တရားရင်ဆိုင်မှုတွေ ရှိထားပါတယ်။ Facebook ဟာ သုံးစွဲသူအချက်အလက် တရားမဝင် ရယူမှုနဲ့ယူကရိန်းက developer ၂ ဦးကိုလည်း တရားစွဲထားသလို Facebook နဲ့ချိတ်ဆက်ထားတဲ့ apps တွေ သုံးပြီး ဖုန်းထဲ malware ကူးစက်စေမှုနဲ့တစ်ချို့developers တွေကိုလည်း တရားစွဲဖို့ကျန်သေးတယ်လို့ဆိုပါတယ်။

Facebook ဟာ သုံးစွဲသူရဲ့ privacy ရေးရာ ချိုးဖောက်မှု ဖြစ်ပွားစေခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဖက်ထရယ် ကုန်သွယ်ေ့း ကော်မရှင်ဟာ Facebook ကို အမြင့်ဆုံးဒဏ်ကြေး ဒေါ်လာ ၅ ဘီလျံ ပေးဆောင်စေဖို့အမိန့်ချမှတ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က