ချောင်းရေတက်မှုကြောင့် ရေဝင်ရောက်ခဲ့တာပါ။

ချောင်းဦးမြို့မှာ ချောင်းရေတက်မှုကြောင့် တချို့နေရာတွေမှာ ပေါင်လည်၊ခါးလောက်ထိမုပ်ခဲ့တယ်လို့ ချာင်းဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အောင်မိုးက ပြောပါတယ်။

photo- အိအိမွန်

မုံရွာခရိုင်၊ ချောင်းဦးမြို့မှာ ဒီကနေ့ သြဂုတ်လ(၂၁)ရက်နေ့ မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးရေနဲ့အတူ ချောင်းရေတက်ပြီး မြို့ပေါ်ရပ်ကွက်တချို့ ရေဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ မနက်က (၉)နာရီလောက်ကစပြီး မြို့ပေါ် (၄)ရပ်ကွက်ကိုရေဝင်တာ။ ချောင်းဦးမြို့နယ်ထဲက ကိုးထောင်ကန်ဘက်က လာတဲ့ချောင်းက မိုးသည်းထန်စွာရွာတော့ ချောင်းရေတက်ပြီး မြို့ပေါ်ရပ်ကွက်တွေကို ရေဝင်လာတာ။ တချို့နေရာတွေက ပေါင်လည်၊ခါးလောက်ထိ မြုပ်တယ်။ တချို့နေရာတွေကျတော့လည်း ဒူးလောက်ထိရှိတယ်။ အခုတော့ မိုးလည်းမရွာတော့ဘူး ရေလည်း တဖြည်းဖြည်းကျသွားပြီ” လို့ ချောင်းဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အောင်မိုးက Duwunကိုပြောပါတယ်။

Photo- Aung San

ချောင်းဦးမြို့မှာ ဆိုရင်တော့ ရပ်ကွက် (၆)ရပ်ကွက်ရှိပါတယ်။ ရေဝင်ရောက်ခဲ့တဲ့ရပ်ကွက်တွေကလည်း အခုမိုးတိတ်သွားတော့ ရေကပြန်ကျနေပြီဖြစ်တဲ့အတွက် ရေဘေးသင့်စခန်းဖွင့်တာတို့၊ ပြောင်းတာရွှေ့တာတွေတော့ မရှိဘူးလို့ ဦးတင်အောင်မိုးက ပြောပါတယ်။ ချောင်းဦးမြို့ဟာ အခုလိုမိုးကြီးတိုင်းချောင်းရေတက်ပြီး ရေကြီးလေ့ရှိပြီး ခဏအတွင်းပဲ ရေက ပြန်ကျလေ့ရှိပါတယ်။ အခုလည်း ရပ်ကွက် (၂)ရပ်ကွက်လောက်သာ ရေကျန်ရှိတော့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က