အာဆင်န်ယအသင်းက ကစားသမားအများစုကို စိတ်ဝင်စားနေတာတွေ့ရပါတယ်။

ကစားသမားအများစုက အသက်အရွယ်ပိုင်းအရ အကျပိုင်းရောက်နေပြီ ဆိုပေမယ့် လက်ရှိ ခြေစွမ်းအရ အကောင်းဆုံး အသုံးချနိုင်သေးတဲ့ အခြေအနေမို့ အလွတ်ပြောင်းရွှေ့ကြေးဆိုပေမယ့် ခေါ်ယူနိုငမယ့် အသင်း တွေအတွက် များစွာ အကျိုးရှိနိုင်မယ်လို့ ဆိုနိုင်ပါတယ်။

၂၀၁၈-၁၉ ဥရောပ ဘောလုံးရာသီကတော့ ပြီးလုပြီဖြစ်ပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ကတည်းက အသင်းအချို့က အပြောင်းအရွှေ့ ဈေးကွက်မှာ လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ထိပ်တန်း ကစားသမားအချို့ကလည်း ၎င်းတို့ရဲ့ ကလပ်အသင်းကိုယ်စီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံး မယ့်သူတွေ ရှိနေပြီး ခေါ်ယူလိုတဲ့အသင်းတွေကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခြေအနေ ရှိနေတဲ့အကြောင်း Daily Mail က ဖော်ပြထားပါတယ်။

၁။ အန်ဒီရီယန်ရာဘီအို့စ်

ပီအက်စ်ဂျီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ပြင်သစ်လက်ရွေးစင်ကတော့ ဒီရာသီအကုန်မှာ အသင်း နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတယ် လို့သိရပြီး အသက် ၂၄ နှစ်သာရှိသေးတာမို့ အလွတ်ခေါ်ယူခွင့်က အင်မတန် အကျိုးရှိမယ့် ခေါ်ယူမှု ဖြစ်လာစေမှာပါ။

၂။ အန်ဒါဟာရဲရား

မန်ယူအသင်းကနေ ဒီနှစ်အကုန်မှာပဲ ထွက်ခွာပြီလို့ တရားဝင် ကြေညာထားတဲ့ ဟာရဲရားကိုလည်း အလွတ်ခေါ် ယူခွင့်ရှိနေပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲလောက်ပေးချေမယ်ဆိုရင် သူ့ကို ခေါ်ယူနိုင်မယ့် အခြေအနေ ကောင်းမှာရှိနေပြီး ဒီကစားသမားကို စိတ်ဝင်စားတဲ့အသင်းထဲမှာလည်း အာဆင်နယ်အသင်း ပါဝင် နေတယ်လို့ Daily Mail ကဆိုပါတယ်။

၃။ ဗင်းဆင့် ကွန်ပနီ

မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီကလည်း ဒီနှစ်အကုန်မှာ အသင်းနဲ့ စာချုပ်ပြည့်ပါပြီ။နည်းပြ ဂါွဒီယိုလာ ကတော့ လာမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲပြီးရင် ကွန်ပနီနဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့ ကိစ္စကို စကားပြောမယ်လို့ ဆိုထားပေမယ့်လည်း အတည်မဖြစ်သေးတဲ့အတွက် လက်ရှိမှာတော့ သူ့ကိုလည်း အလွတ်နဲ့ ထွက်ခွာ ခွင့်ပြုရမယ့် အခြေအနေရှိနေတာပါ။

၄။ ဒီယေဂို ဂိုဒင်

အက်သလက်တီကိုအသင်းရဲ့ သက်တော်ရှည် ကစားသမား အသက် ၃၃ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင် ဂိုဒင် ကလည်း ဒီနှစ်အကုန်မှာ အသင်းကထွက်ပြီလို့ သတင်းထုတ်ပြန်ထားသူပါ။ ၉ နှစ်ကြာ ကစားခဲ့တဲ့ အက်သ လက်ကနေ ပြောင်းမယ့်အသင်းကိုမသိရသေးပဲ အင်တာမီလန်အသင်းကိုရောက်မယ်လို့တော့ Sky Sport ကဖော်ပြထားပါတယ်။

၅။ ဂျိမ်းမီလ်နာ

အင်္ဂလန်အသင်းအတွက် ၆၁ ပွဲကစားပြီး ကလပ်အသင်းတွေဖြစ်တဲ့ လိဒ်၊ဆွင်ဒန်၊နယူးကာဆယ်၊ဗီလာ၊မန်စီး တီးနဲ့ လီဗာပူးအသင်းတွေအတွက် စုစုပေါင်း ၆၉၈ ပွဲ ကစားခဲ့တဲ့မီလ်နာကတော့ အမှတ်ပေးဖလား ၂ကြိမ်အပါ အဝင် အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို တစ်ကြိမ်စီပိုင်ဆိုင်ထားသူပါ။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီလ်နာဟာလည်း ဒီနှစ်အကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် အသက်ကြီးပေမယ့် ငယ်မူပြန်ကြွနေတဲ့သူ့ကိုလည်း ခေါ်ယူနိုင်တဲ့အသင်းအတွက် အကျိုးရှိစေနိုင်မှာပါ။

၆။ ဂယ်ရီကာဟေးလ်

ချဲလ်ဆီးကနေ ထွက်ပြီလို့ တရားဝင်ကြေညာထားသူပါ။ ၃၃ နှစ်အရွယ် ကာဟေးလ်ကိုတောာ့ ဘန်လေအသင်း ကခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ်လို့သိရပြီး ကိုယ်တိုင်ကလည်း နောက်ထပ် ၄နှစ်လောက် ဘောလုံးကောင်းကောင်း ကစားနိုင်သေးတယ်လို့ ယုံကြည်ထားသူမို့ သူ့ကို ခေါ်ယူနိုင်မယ့် မည်သည့်အသင်းမဆို မှန်ကန်တဲ့ခေါ်ယူမှုတစ်ရပ် လုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်မှာပါ။

၇။ ဂျူအန်မာတာ

မိုယက်စ်ရဲ့ ၂၀၁၃ ခုနှစ်က ရွေးချယ်ခဲ့တဲ့ မာတာကတော့ ဒီနှစ်အကုန်မှာ မန်ယူနဲ့ လမ်းခွဲတော့မှာပါ။ သူ့အဖေ ကတော့သူ့သားကို မန်ယူအသင်းက စာချုပ်သက်တမ်း တိုးမယ်လိုု့ မျှော်လင့်နေပေမယ့် အသက် ၃၀ အရွယ် မာတာဟာ မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပါပြီ။ ဒါကြောင့် အသက် ၃၀ အရွယ်မာတာဟာလည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး စပိန်သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ စပိန်ကိုပြန်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

၈။ ဒန်နီရယ် စတားရစ်ချ်

တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းရနေတဲ့ စတားရစ်ချ်ဟာလည်း လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်လို့ လာမယ့် နွေရာသီမှာ လက်စတာကိုပြောင်းဖို့ သတင်းထွက်နေပါတယ်။ ဆရာဟောင်း ရော်ဂျာနဲ့ ပြန်ဆုံဖို့ ရှိနေပြီး လက်စတာအသင်းအတွက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

၉။ ဒန်နီ ဝဲလ်ဘတ်

မန်ယူကစားသမားဟောင်း ဝဲလ်ဘတ်ကလည်း လက်ရှိကလပ်အာဆင်နယ်အသင်းနဲ့ ရာသီအကုန်မှာ စာချုပ်ပြည့်ပါပြီ။ ဝဲလ်ဘတ်ရဲ့ အားနည်းချက်က ဒဏ်ရာမကြာခဏ ရနေတာဖြစ်ပြီး ခြေစွမ်းပိုင်းကတော့ အားဂိုးချင်စရာမှာ အမြဲရှိပါတယ်။ အာဆင်နယ်အသင်းကနေ ထွက်ဖို့သေချာခဲ့ပြီလို့ နည်းပြ အမ်မရီကိုယ်တိုင် ပြောထားခဲ့လို့ မည်သည့်အသင်းက အလွတ်ခေါ်သွားမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

၁၀။ ယာစီနီ ဘရာဟီမီ

အယ်ဂျီးရီးယား တိုက်စစ်မှူးကို ပရီးမီးယားလိဂ် ကလပ်အသင်းအချို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဝတ်ဖို့ဒ်၊အဲဗာတန်နဲ့အာဆင်နယ်အသင်းတို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ပေါ်တိုအသင်းနဲ့ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က