အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းရဲ့ကြယ်ပွင့်ဗဟိုခံစစ်ကစားသမား မာတင်စခရီနီရာကို နွေရာသီထိပ်တန်းပစ်မှတ်အဖြစ် ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လက်လွှတ်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စလိုဗေးနီးယားနောက်ခံကစားသမား မာတင်စခရီနီရာဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခံစစ်ကို အင်အားဖြည့်တင်းဖို့အတွက် စခရီနီရာနဲ့ ကူလီဘလီတို့ ၂ ဦးစလုံးလုံးကို စောင့်ကြည်နေခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းက ကူလီဘလီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ အထိ သတ်မှတ်ခဲ့ပြီးနောက် မန်ယူအသင်းဟာ စခရီနီရာကို အဓိကဦးစားပေးအဖြစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စခရီနီရာဟာ ယခုရာသီမှာ အင်တာမီလန်အသင်းရဲ့ ခံစစ်မှာ ခြေစွမ်းပြသနေသူဖြစ်ပြီး အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ ကြာသပတေးနေ့ညက ရက်ပစ်ဗီယန်နာကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီး အင်တာမီလန်အသင်းက ၂ ကျော့ပေါင်း ၅ ဂိုး ဂိုးမရှိနဲ့ နောက်တဆင့်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယင်းပွဲစဉ်အပြီးမှာ စခရီနီရာက မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ မကြာမီအချိန်အတွင်း အင်တာမီလန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ စခရီနီရာဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး မီဒီယာတွေက စာချုပ်သစ်အခြေအနေကို မေးမြန်းခဲ့ရာမှာ “ကျွန်တော့် စာချုပ်သစ် ချုပ်ဆိုမယ့်ကိစ္စလား။ ကျွန်တော်တို့ နီးစပ်နေပါပြီ။ အသင်းနဲ့လည်း အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က