OnePlus ဟာ electrochromic glass စနစ်သုံးထားတဲ့ concept ဖုန်းတစ်မျိုးကို မိတ်ဆက်သွားပါတယ်။
electrochromic glass ဆိုတာကတော့ မှန်ကိုမှ လျှပ်စီးကြောင်း တစ်မျိုး သုံးပြီး ထွင်းဖောက်မြင်နိုင်တဲ့ အခြေအနေကနေ အလင်းမဖောက်နိုင်တဲ့ အခြေအနေကို ပြောင်းနိုင်တဲ့ စမတ်မှန် (တစ်နည်းအားဖြင့်) အသွင်ပြောင်းမှန် dynamic glass အမျိုးအစား ဖြစ်ပါတယ်။ ဒီနည်းပညာကို OnePlus Concept One မှာ သုံးရတဲ့ ရည်ရွယ်ချက်က ကင်မရာတွေကို မမြင်ရအောင် ဖျောက်ထားဖို့ပါ။
Photo: phonearena
OnePlus ဟာ McLaren နဲ့ ပေါင်းပြီး မိတ်ဆက်ပြသသွားတာပါ။ ဒီဇိုင်းရဲ့ အဓိက အနှစ်သာရကတော့ မှန်ရဲ့ အနောက်မှာ ကင်မရာကို သိုဝှက်ထားတာပဲ ဖြစ်ပါတယ်။ Concept One ဟာ OnePlus ရဲ့ ပထမဆုံး concept ဖုန်းဆိုလည်း မမှားပါဘူး။ အထူးစမတ်မှန်ကြောင့် ဒီဖုန်းရဲ့ ကျောဘက်ကင်မရာတွေဟာ အသုံးမပြုချိန်မှာ ပျောက်ကွယ်နေမှာပါ။
ကင်မရာဖွင့်လိုက်ပြီဆိုရင်တော့ မှန်ရဲ့ အနောက်က ကင်မရာတွေ ပေါ်လာပြီး ကင်မရာ sensor တွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပုံစံပြောင်းဖို့အတွက် တစ်စက္ကန့်တောင် ကြာမှာမဟုတ်ပါဘူး။ တိတိကျကျပြောရမယ်ဆိုရင် ၀.၇ စက္ကန့်ပဲ ကြာမယ်လို့ OnePlus က ဆိုပါတယ်။ electrochromic glass ရဲ့ ထူးခြားမှုက ကင်မရာအတွက် အလင်းဖမ်းယူမှု သိပ်များတဲ့ အခြေအနေမျိုးကို ထိန်းညှိစစ်ထုတ်ပေးနိုင်မယ့် Neural Density (ND) filter အဖြစ်လည်း သုံးနိုင်တာပါ။
Photo: Tom's Guide
ND filter ကြောင့် lens ထဲ ဝင်လာတဲ့ အလင်းကို အဆင့် ၈ ဆင့်နဲ့ ဖြတ်တောက်နိုင်မှာ ဖြစ်ပြီး exposure မြင့်တာ အလင်းစူးလွန်းတဲ့ အခြေအနေမှာ wider aperture ထားစေမှာ ဖြစ်ပါတယ်။ OnePlus Concept One ဟာ McLaren 720S supercar ရဲ့ ဒီဇိုင်းကို ယူထားပြီး ကျောဘက်မှာ လိမ္မော်ရောင် သားရေသားနဲ့ ကွပ်ထားပါတယ်။
တစ်ခြား internal specs တွေကတော့ OnePlus 7T Pro အတိုင်းဖြစ်ပြီး pop-up selfie ကင်မရာ သုံးထားပါတယ်။ concept ဖုန်းဖြစ်လို့ ဝယ်လို့ ရမှာ မဟုတ်ပေမယ့် အနာဂါတ်မှာ ဒီလိုမျိုး ကိုယ်ဖျောက်ကင်မရာသုံး စမတ်ဖုန်းတွေ ပိုပြီး မြင်ရဖို့ ရှိပါတယ်။