သူ စိတ်ကူးထားတဲ့ အိမ်ထောင်ရေးကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

မိုးအောင်ရင်က အရင်ကလို အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်ပြီး အောင်မြင်လာမှ သာ သူလိုချင်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်မယ်လို့ ပြောပါတယ်။ ထောင်ကျနေတဲ့အချိန်မှာလည်း သူ့ကောင်မလေးရဲ့ ရင်ထဲက အချစ်စစ် အချစ်မှန်ကို မြင်တွေ့လိုက်ရတယ်လို့ဆိုပါတယ်။

မိုးအောင်ရင်ကတော့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူဟာ ထောင်ထဲရောက်နေတဲ့ အချိန်မှာ ချစ်သူကောင်မလေးရဲ့ အချစ်စစ်မှန်မှုကို ရှာတွေ့သွားပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ သူကတော့ အရင်အတိုင်းပါပဲ။ ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပေါ့နော်။ အဖေ တို့ကလည်း နိုင်ငံခြားမှာနေတဲ့သူ ဖြစ်တဲ့အတွက် ၃ လနေ၊ ၃ လပြန်။ တစ်ခါတလေကျရင် ၄ လ ၅ လလောက်ဟိုမှာ ပြန်နေရတာမျိုးတွေရှိတယ်။ အဖေတို့မရှိတဲ့အချိန်မှာ သူကတော့ ကျွန်တော့်အတွက် ဟင်းတွေချက်လာတယ်။ ထောင်ကို တောက်လျှောက် သူလာပေးတယ်။ သူမှ လာမပေးရင် ကျွန်တော်လည်း ငတ်နေပြီပေါ့နော်။ သူက ကျေးဇူးအရမ်းရှိတယ်။ သူ့ကိုလည်း ကျေးဇူးအရမ်းတင်ချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

ဒီလိုနားလည်ပေးတတ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားပေမယ့်လည်း အိမ်ထောင်ပြုဦးမှာ မဟုတ်သေးဘူးလို့ မိုးအောင်ရင်က ပြောပါတယ်။ သူ ပိုင်ဆိုင်ချင်တဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း စက်တင်ဘာလ ၁၄ ရက်နေ့ညက Shwe FM ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’အသက်အရွယ်ဆိုတာထက် ကျွန်တော် ထောင်ထဲက ထွက်လာတယ်။ အဲဒီအချိန်မှာ အခက်အခဲတွေ မျိုးစုံရှိတယ်။ ပြောရရင်တော့ အရင်တုန်းက အတောင်စုံရင် စုံခဲ့မယ်။ အခုလောလောဆယ်ကတော့ အဲဒီအတောင်တွေက ပြန်ကျွတ်သွားတာပေါ့။ အဲဒီအတောင်တွေကို ကျွန်တော် ပြန်တပ်ရမယ်။ ကျွန်တော်ပြန်နိုင်ပြီဆိုမှ တစ်ဖက်လူနဲ့ အတူတူ ခရီးသွားလိ့ုရမယ်။ အဲဒီလိုမဟုတ်ပဲနဲ့ သူ့ကိုပါ ကိုယ်က ခေါ်လာရင် သူရော ကိုယ်ရော နှစ်ယောက်စလုံး ဒုက္ခတွေ ရောက်ကုန်မှာ အဆင်မပြေဘူးလေ’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်က သူ့ရဲ့ ချစ်သူကောင်မလေးကို လက်ရှိမှာလည်း ချစ်ရတဲ့ ချစ်သူလေးဖြစ်သလို ကျေးဇူးရှင် တစ်ယောက်လို့လည်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

‘’ အိမ်ထောင်မပြုသေးတာကလည်း ဒုက္ခတွေကို မခံစားစေချင်သေးလို့ပါ။ ရည်းစားမရှိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကျေးဇူးရှင်ရှိပါတယ်။ ကျေးဇူးပြန်ဆပ်ချင်လို့ အိမ်ထောင်ပြုမှာလားဆိုတော့လည်း မဟုတ်ပါဘူး။ အဓိက ကတော့ ကိုယ့်ရဲ့ အချစ်စစ်၊ အချစ်မှန်ကို တွေ့သွားတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ကျွန်တော် အရမ်းပြန်ချစ်မိသွားတယ် ဒါပါပဲ’’ လို့ ပြောပါတယ်။

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က