ကုမ္ပဏီရဲ့ CEO ကိုယ်တိုင် ပြောကြားခဲ့တာပါ

ကွန်ပျူတာနေရာမှာ အစားထိုးနိုင်မယ့် ခေါက်သိမ်းနိုင် စမတ်ဖုန်းကို Huawei အနေနဲ့ထုတ်လုပ်နေပြီလို့ဆိုပါတယ်။



Huawei-Foldable-Phone.jpg

Photo: Value Walk

 

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုမှ ဂျာမန်သတင်းစာ Die Welt ကို ပြောခဲ့တာ ဖြစ်ပါတယ်။ သူ့အဆိုအရ Huawei ဟာ foldable စမတ်ဖုန်းမျိုးကို ထုတ်လုပ်နေပြီလို့ဖော်ပြထားပြီး တစ်နှစ်အတွင်း ဖြန့်ချိဖို့အသင့်ဖြစ်နေပြီလို့ဆိုပါတယ်။

"ဘာလို့ကွန်ပျူတာဆက်သုံးနေရတာလဲ။ တကယ်တော့ ဖုန်း display က သိပ်သေးလို့ဖြစ်နိုင်ပါတယ်။" လို့ရစ်ချတ်ယုမှ ဖြေကြားခဲ့ပါတယ်။ "ဒီအချက်ကို ကျွန်တော်တို့ပြောင်းလဲပစ်မှာပါ။ display တစ်ခုကို ခေါက်ထားလို့ရနိုင်တယ်လို့မြင်ကြည့်လိုက်ပါ"

ခေါက်သိမ်းနိုင်တဲ့ display ပါ စမတ်ဖုန်းထုတ်ဖို့အတွက် Huawei ဟာ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီ Samsung နဲ့အပြိုင် ကြိုးပမ်းနေတာပါ။ တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ မကွဲနိုင်တဲ့ ကွေးညွှတ်နိုင် OLED display တစ်မျိုးကို အမေရိကန်နိုင်ငံမှာ အောင်အောင်မြင်မြင် စွမ်းသပ်နိုင်ခဲ့ပါတယ်။

Samsung ဟာ ၂၀၁၅ ခုနှစ်မှာကတည်းက Project Valley နာမည်နဲ့ခေါက်သိမ်းနိုင် dual display သုံးစမတ်ဖုန်းကို စမ်းသပ်ခဲ့ကြောင်း သတင်းတွေ ထွက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ZTE ဟာ Axon M နာမည်နဲ့displayနှစ်ခုအကြား ပတ္တာပါရှိတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပေမယ့် ဒါဟာ foldable display သုံး ဖုန်းမဟုတ်ခဲ့ပါဘူး။

Photo: BGR

 

Huawei ဟာ လာမယ့်နှစ်ထဲမှာ 5G ဖုန်းတွေ မိတ်ဆက်ဖို့ကြေငြာထားတာကြောင့် ၂၀၁၉ မှာ Huawei ရဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းပါ 5G ဖုန်းတွေကို မြင်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က