၁၇ လက်မအရွယ်အစားနဲ့ ထွက်ထားပါတယ်

CES 2020 မှာ ထူးထူးခြားခြား foldable laptop နှစ်မျိုး မြင်ခဲ့ရပါတယ်။

Lenovo ဟာ ခေါက်သိမ်းနိုင် OLED screen နဲ့ ဒေါ်လာ ၂၅၀၀ တန် ThinkPad X1 Fold ကို မိတ်ဆက်ခဲ့သလို Intel ကလည်း Horseshoe Bend လို့ နာမည်ပေးထားတဲ့ လက်ပ်တော့နမူနာဒီဇိုင်းကို ထုတ်ဖော်ပြသသွားပါတယ်။ ThinkPad X1 Fold ဟာ ၁၃ လက်မ screen နဲ့ လာပြီး Horseshoe Bend ကတော့ 4:3 နဲ့ ၁၇.၃ လက်မအရွယ်အစား ရှိပါတယ်။



Photo: The Verge


Horseshoe Bend ဟာ ပုံမှန် လက်ပ်တော့တစ်လုံးလိုမျိုး အပြင် ကီးဘုတ် မလိုဘဲ on-screen သုံးနိုင်သလို wireless ကီးဘုတ်နဲ့လည်း တွဲသုံးနိုင်မယ်လို့ ဆိုပါတယ်။ pen နဲ့ ချိတ်ဆက်နိုင်ပြီး OLED touch screen ဟာ ထောင်လိုက်ရော အလျားလိုက် mode နဲ့ပါ သုံးနိုင်မှာပါ။ သရုပ်ပြမော်ဒယ် Horseshoe Bend ဟာ Windows 10 စနစ်နဲ့ လာပြီး အသစ်ထွက်လာမယ့် Windows 10X နဲ့လည်း အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

သုံးထားတဲ့ processor ကတော့ Intel ရဲ့ မျိုးဆက်သစ် mobile chip သစ်ဖြစ်တဲ့ 10nm Tiger Lake architecture စနစ် သုံးထားတာပါ။ Tiger Lake စီးရီးဟာ ဒီနှစ်ထဲမှာ စတင်သုံးလာမယ့် mobile chip တွေ ဖြစ်ပြီး Xe graphics architecture ကြောင့် ဂိမ်းနဲ့ ဂရပ်ဖစ် လုပ်ဆောင်ချက်တွေ ပိုသွက်လာစေမယ်လို့ ဆိုပါတယ်။

Photo: Intel


Foldable display အမျိုးအစားတွေဟာ ပိုပြီး screen အရွယ်အစား ကြီးအောင် ထုတ်လာကြပြီ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရေပန်းစားလာတဲ့ Samsung Galaxy Fold နဲ့ Huawei Mate X တို့လို ခေါက်သိမ်းနိုင် စမတ်ဖုန်းတွေဟာလည်း display ဖြန့်ထားချိန်မှာ တက်ဘလက်အသေးစားတစ်ခုလို သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။

ခေါက်သိမ်းနိုင် display သုံး ထုတ်ကုန်တွေဟာ ဒေါ်လာထောင်ချီဈေးတွေနဲ့ ထွက်ထားတာပါ။ တကယ်လို့ Horseshoe Bend ဆိုပြီး ထုတ်ကုန်ကုဒ်နာမည်နဲ့လာတဲ့ ဒီလက်ပ်တော့ ဈေးကွက်ထဲ ဖြန့်လာမယ်ဆိုရင်လည်း တကယ့် ပရီမီယံထုတ်ကုန်အဖြစ် မြင်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က