သရုပ်ဆောင် ခြုးလေးက အေသင်ချိုဆွေရဲ့ အားပေးစကားတွေအတွက်ကိုလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။သူမရဲ့ Idol တစ်ယောက်က အားပေးစကားပြောထားတဲ့အတွက်လည်း ပျော်နေပါတယ်။
သရုပ်ဆောင် ခြူးလေးက လက်ရှိမှာ အလုပ်တွေ သေချာလုပ်နေပါပြီလို့ ဆိုပါတယ်။ သူမကျောင်းသူဘဝကတည်းက အားပေးခဲ့ရတဲ့ Idol တစ်ယောက်ဖြစ်သူ အေသင်ချိုဆွေရဲ့ အားပေးစကားလေးတွေကလည်း သူမရဲ့ ရင်ထဲကို တကယ်ထိတယ်ဆိုပြီး ပြောထားပါသေးတယ်။
“State ကျောင်းတက်တုန်းကတည်းက တတွတ်တွတ် ရွတ်ဆိုခဲ့ရတဲ့ (လေပြေ အပြုံးလေး မင်းသမီး ပေါက်တဲ့အိုး ) သီချင်းလေးတွေရဲ့ပိုင်ရှင် အားကျရတဲ့ ခြူးလေး Idol မအေသင် ရဲ့ အားပေးစကားလေးတွေက ရင်ထဲကိုတကယ် ထိမိပါတယ် ။ ကျေးဇူးအများကြီးတင်ပါတယ် ရှင့် “ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
လက်ရှိမှာလည်း အလုပ်တွေ သေချာလုုပ်နေပြီဖြစ်ကာ သူမရဲ့ ပြောင်းလဲမှုတွေကိုလည်း ပြောပြထားပါသေးတယ်။ “အလုပ်တွေ သေချာလုပ်နေပါတယ် ရှင့် ပြောင်းလဲသွားတာက အမြင်အာရုံတွေ ဝေဝါးပြီး မှန်ကြောင်လေးတော့ဖြစ်သွားပါတယ် ရှင့်” ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။
အခုချိန်ကစပြီး ကိုယ့်ကိုကိုယ် အများကြီး ပိုချစ်သွားမှာ ဖြစ်ပြီး We Love တို့ကိုလည်း အရင်ကထက် ပိုချစ်ပ့ါမယ်ဆိုပြီး ကတိပေးထားတာတွေ့ရပါတယ်။ အနုပညာအလုပ်တွေကို ပြန်လုပ်လာတဲ့ ခြူးလေးအတွက် သူမရဲ့ ပရိသတ်တွေက ဝမ်းသာမဆုံး ဖြစ်လို့နေပါတယ်။
ခြူးလေးဟာ သရုပ်ဆောင် ဟိန်းကိုကိုကျော်နဲ့ချစ်သူအဖြစ် လမ်းခွဲခဲ့ပြီးနောက်ပိုင်း အသည်းကွဲဒဏ်ကို မခံစားနိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း(၂)ကျော်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ယောက်သား လမ်းခွဲပြီး(၂)လအကြာမှာ ယခုလို ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့တာပါ။ ခြူးလေးရဲ့ သတင်းကြောင့် သူ့ရဲ့ ပရိသတ်တွေလည်း အရမ်းကို စိုးရိမ်ခဲ့ကြရပါတယ်။
ခြူးလေးဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။