ပြင်ပဒဏ်ရာမရှိပါဘူး။
မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ လှော်ကား လမ်းဘေး မြက်တောထဲမှာ သေဆုံးသူ အလောင်းသုံးလောင်းကို တွေ့ရတယ်လို့ ထောက်ကြံ့မြို့မရဲစခန်းကနေ သိရပါတယ်။

Photo - Htin Lin Aung FB

ထောက်ကြံ့ လှော်ကား လမ်းမ လှော်ကားသဘာဝဘေးမဲ့တောအကျော် တွင်မှာ တွေ့ရှိရတာဖြစ်ပြီး မိန်းကလေး အလောင်းတစ်လောင်းနဲ့ ယောက်ကျားလေး အလောင်း နှစ်လောင်းကို တွေ့ရှိရတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၈ နှစ် ကနေ အသက် ၂၀ ဝန်းကျင်လူငယ်တွေဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့တာကြောင့် မှုခင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီ အင်းစိန်ဆေးရုံကို ပို့ဆောင်စစ်ဆေးစေခဲ့ပါတယ်။

Photo - Htin Lin Aung FB

ဆေးရုံရဲ့ ကနဦး စစ်ချက်တွေအရ အရသေဆုံးသူတွေဟာ အန္ဒိယနွယ်ဖွားတွေဖြစ်ကြပြီး အသက်ရှုကြပ်ပြီး သေဆုံးခဲ့ပုံရတယ်လို့ ဆေးစစ်ချက်မှာဖော်ပြထားကြောင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတာကို ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က