သားဂန်းကလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဘေဘီမောင်က ချစ်သူဖြစ်တဲ့ သားဂန်းကို လက်ထပ်ဖို့အတွက် ပိုက်ဆံစုခိုင်းနေပါတယ်။ သားဂန်းကလည်း ချစ်သူကို လူပုံအလယ်မှာ မျက်နှာမငယ်အောင် ထားဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

Photo: Baby Maung



ဘေဘီမောင်က ‘’ချစ်သူများနေ့’’ မှာ ချောကလက်စားရဖို့ထက် လက်ထပ်ဖို့ ပိုက်ဆံစုပါလို့ ချစ်သူ အဆိုတော်သားဂန်းကို အမှာစကားပါးလိုက်ပါတယ်။ တခြားလက်ဆောင်တွေလည်း မလိုချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြေထားပါတယ်။

‘’ချစ်သူများနေ့ရောက်တော့မယ်မောင်။ ချောကလက်မကျွေးနဲ့နော် ဝိတ်တက်မှာကြောက်လို့ နောက်ပြီး ပန်းစည်းတွေ ဘာတွေ တခြားလက်ဆောင်ပစ္စည်းတွေလည်းဘာမှမဝယ်ပေးပါနဲ့နော်။ ပိုက်ဆံတွေကုန်မှာစိုးလို့ ဘဝအတွက် တကယ်ရည်စူးထားတဲ့သူတွေမို့လို့ မင်္ဂလာဆောင်ဖို့ပိုက်ဆံပဲစုလိုက်ပါမောင်ရယ်’’ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Htet Zaw Aung

အဲဒီနောက် ဘေဘီမောင် တင်လိုက်တဲ့ စာသားအပေါ် သားဂန်းကလည်း Comment ကနေ တဆင့် သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြထားပါသေးတယ်။ ချစ်သူလေး ဘေဘီမောင်ကိုလည်း မျက်နှာမငယ်အောင် ထားရဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

‘’မောင့်မှာလဲ မ အတွက်ခမ်းခမ်းနားနားလုပ်ပေးဖို့များများစားစား သိပ်မရှိပါဘူး။ ဒါပေမဲ့ မောင်ပေးနိုင်တာက မ မောင့်အတွက်နဲ့ မျက်နှာမငယ်စေရပါဘူး။ ပြီတော့ စိတ်မညစ်စေရပါဘူး။ မျက်ရည်မကျစေရပါဘူး ။ မျက်နှာ မပျက်စေရပါဘူး။ မ အနားမှာအမြဲသစ္စာအရှိဆုံးလူတစ်ယောက်ဖြစ်အောင်ကြိုးစားပြီး မ ကိုအမြဲစောင့် ရှောက်သွားပါ့မယ်တစ်သက်လုံးပါ’’ ဆိုပြီးတော့ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Baby maung

ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲဟာ ပရိသတ်တွေကြားထဲမှာ မနဲ့မောင်အတွဲလေးဆိုပြီး နာမည်ကြီးလို့ နေတာပါ။ အဲ့ဒီနောက် မောင် နဲ့ မ အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာပုံကိုလည်း ဘေဘီမောင်က သမီးလေးတို့ရွာ ရုပ်ရှင်အထူးပြသပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်.

'' ဘေဘီက ငယ်ငယ်ကဆိုရင် မောင်လေးတွေကို မကြိုက်ဘူး. ဒါပေမယ့် အသက်အရွယ်အရ မောင်လေးဆိုပေမယ့် ကိုယ့်ရဲ့ ချစ်သူက အဖေတစ်ယောက်လို မျိုး အားကိုးရတယ်ဆိုတော့ မောင်လေး Mood တောင်ပျောက်သွားတယ်. ဒါပေမယ့် ချစ်သူကိုခေါ်တဲ့ နာမ်စားလေးမှာ ဘေဘီက မောင် ပဲခေါ်ချင်တာဆိုတော့ သူ့ကို မောင်လို့ ခေါ်ရတဲ့ Feeling ကိုကြိုက်တယ်. သူကတော့ ကိုယ်က အသက်ကြီးတော့ မ လို့ခေါ်တာပေါ့'' လို့ သူကဆိုပါတယ်။

Photo: Htet Zaw Aung

ဘေဘီမောင်က ချစ်သူရှိတဲ့အကြောင်းကိုတော့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုနေကြဖြစ်ပါတယ်။ ဒါပေမယ့် အဆိုတော်သားဂန်းနဲ့ ချစ်သူတွေ ဆိုတာကိုတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပုဂံမှာ ရိုက်ထားတဲ့ စုံတွဲ ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ရင်း ပရိသတ်ကို ပထမဆုံး မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ 

သားဂန်းကို ‘’အိပ်မက်ဆုံရာ (ရာသက်ပန်)’’ သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ ဘေဘီမောင်ကိုတော့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း အနုပညာအလုပ်ထက် ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Baby & Barani Beauty & Fashion House ဆိုင် ကို ဦးဆောင်နေရသူတစ်ဦးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က