အထပ်မြင့်အဆောက်အအုံရဲ့ ခြောက်ထပ်ရှိ အိမ်ခန်းဝရန်တာမှာ တွဲလောင်းကျနေခဲ့ပါတယ်။

တရုတ်နိုင်ငံမှ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အထပ်မြင့်အဆောက်အအုံ ခြောက်ထပ်နေရာရှိ အိမ်ခန်းဝရန်တာမှာ တွဲလောင်းဖြစ်နေပြီး ပြုတ်ကျခဲ့ပေမဲ့ အိမ်နီးနားချင်းတွေရဲ့ အလျင်အမြန် ကူညီမှုကြောင့် ထိခိုက်ဒဏ်ရာပင်မရဘဲ အသက်ရှင်ခဲ့ပါတယ်။

(Photo: AsiaWire)

တရုတ်အနောက်တောင်ပိုင်း ချုံကင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ရာ မြင်တွေ့ရသူတွေ သည်းထိတ်ရင်ဖို ဖြစ်ခဲ့ကြရပါတယ်။ အသက်သုံးနှစ်အရွယ် ယောက်ျားလေးဟာ တနင်္လာနေ့ (ဇူလိုင် ၂၉ ရက်) မွန်းလွဲပိုင်းက ချုံကင်းမြို့ Jiulongpo အရပ်ရှိ အထပ်မြင့်အဆောက်အအုံရဲ့ ခြောက်ထပ်ရှိ အိမ်ခန်းဝရန်တာမှာ တွဲလောင်းကျနေခဲ့တာ ဖြစ်ပါတယ်။



ထိုကလေးရဲ့အဖြစ်ကို အိမ်နီးနားချင်းတွေက မြင်တွေ့သွားခဲ့ပြီးနောက် ကြီးမားတဲ့ စောင်နှစ်ထည်ကို အလျင်အမြန်ယူပြီး ကလေးရဲ့အောက်ဘက်တည်တည့်မှာ ဖြန့်ထားလျက် အသင့်စောင့်နေခဲ့ကြပါတယ်။

(Photo: AsiaWire)

ထို့နောက်မှာတော့ ကလေးငယ်ဟာ ဝရန်တာကနေ ပြုတ်ကျလာခဲ့ပေမဲ့ ကံကောင်းစွာဖြင့် အောက်မှာဖြန့်ထားတဲ့ စောင်ပေါ်ကိုတည့်တည့်ကျပြီး ဒဏ်ရာပင်မရခဲ့ပါဘူး။ အဆိုပါ သုံးနှစ်သားလေးဟာ အိပ်ရာနိုးလာပြီးနောက် အဘွားဖြစ်သူကို မတွေ့ခဲ့ရာမှ လိုက်လံရှာဖွေရင်း ဝရန်တာကနေ တွဲလောင်းကျနေခဲ့တယ်လို့ Shangyou News က ပြောပါတယ်။ အဘွားဖြစ်သူက ကလေးငယ် အိပ်ပျော်နေစဉ် စားသောက်ကုန်များ သွားဝယ်နေခဲ့တယ်လို့ သိရပါတယ်။

(Photo: AsiaWire)

ကလေးငယ်ဟာ ဝရန်တာမှာ တွဲလောင်းဖြစ်နေစဉ် ခြောက်ထောက်တွေ ကန်ကြောက်ကာ အပေါ်ကိုတွယ်တက်ရန် ကြိုးပမ်းနေခဲ့ကြောင်း ဗီဒီယိုရိုက်ကူးခဲ့တဲ့ အိမ်နီးချင်း Liu က ဆိုပါတယ်။ ကလေးငယ်ဟာ ဝရန်တာမှာ လေးမိနစ်နီးပါးကြာမျှ တွဲလောင်းအနေအထား ဖြစ်နေခဲ့ကြောင်း အဆိုပါ လူနေအိမ်ရာရဲ့ လုံခြုံရေးတစ်ဦးက တရုတ်ဗီဒီယိုဝက်ဘ်ဆိုက် Pear Video ကို ပြောခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က