သူမကတော့ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူပါ။

သူမဟာ လူတိုင်းအပေါ် ရင်းရင်းနှီးနှီးပေါင်းသင်းတာကြောင့် သူမကို ချစ်တဲ့သူတွေလည်း ရောက်လေရာတိုင်းမှာရှိတယ်လို့ ဆိုပါတယ်။

photo: Myat Lay Ml



အေးမြတ်သူက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။ ဒါပေမယ့် ပုပ္ပါးမှာရှိတဲ့ မျောက်လေးတွေကိုတော့ မကြာခဏ အစာသွားကျွေးလေ့ရှိတယ်လု့ိဆိုပါတယ်။ ဒီမျောက်လေးတွေက အရမ်းလိမ္မာပြီးချစ်ဖို့ကောင်းတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ပျော်တယ် အေးမြတ်သူက သူတို့တွေနဲ့ အရမ်းတောင် ယဉ်နေပြီ။ အရင်တုန်းကဆို ကြောက်တယ် အခုမကြောက်တော့ဘူး သူတို့က ထမီလေးကို လာဆွဲရင်တောင် ချစ်နေရတာ။ အစာလာတောင်းရင်လေ မျက်နှာလေးကိုမော့ပြီး ထမီလေးဆွဲပြီး ကလေးလေးကိုလည်း ကျောမှ ချီထားရသေးတယ်ဆိုတော့လေ သဒ္ဒါစိတ်ဖြစ်တာပေါ့နော်’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့က ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ မွေးနေ့ကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

photo: Myat Lay Ml

ပုပ္ပါးမှာရှိတဲ့ မျောက်တွေက ကြောက်စရာကောင်းတယ် ဆိုတာ မဟုတ်ဘူးလို့ အေးမြတ်သူက ပြောပါတယ်။ သူကိုယ်တိုင်လည်း မျောက်တွေ ဆွဲတာ ကုတ်တာမျိုး မခံခဲ့ရဖူးပါဘူးတဲ့။

‘’ ဒါပေမယ့် သူတို့ အချင်းချင်း ရန်ဖြစ်တဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်းရှိနေရင်တော့ ကြောက်တယ်။ မမျိုးမျိုးခိုင်ရှိရင်တော့ သားလေး နင်က မလုပ်နဲ့ ဟိုဘက်သွား၊ မင်းက ဒီဘက်သွားပေါ့။ သူရှိရင်အကုန်နိုင်တယ်။ သူရှိမှ ပိုကျွေးရဲတယ်။ သူက အဲဒီလို ဖျန်ဖြေပေးတတ်တယ်ပေါ့နော်။ တချို့တွေကတော့ မျောက်တွေကိုကြောက်တယ် ဆွဲတယ်ပေါ့နော်။ ကိုယ်ကတော့ အဲဒီလိုမျိုး ဆွဲတာတွေ မကြုံရပါဘူး။ အစာတောင်းတာပေါ့နော် ထမီလေးဆွဲ၊ အင်္ကျီလေးဆွဲပြီးတော့ အစာရှိရင်တောင်းတယ်ပေါ့နော်’’ လို့ဆိုပါတယ်။

photo: Myat Lay Ml

အေးမြတ်သူကိုတော့ ပရိသတ်တွေက အရမ်းချစ်ကြတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမက အားလုံးကို ရင်းရင်းနှီးနှီးနေတတ်သူတစ်ယောက်ပါ။

‘’ အေးမြတ်သူက ရောက်တဲ့နေရာ ဆွေမျိုးရှိတယ်။ အရမ်းလည်း ရင်းရင်းနှီးနှီး နေတတ်တဲ့အခါကျတော့ ရွှေဂူကြီး ဘုရားမှာဆိုရင်လည်း အမေတစ်ယောက်ရှိတယ် အရမ်းချစ်ဖို့ကောင်းတာ။ သူက သူ့ယောကျ်ားကို ကိုကိုလို့ခေါ်တာ။ ပုဂံရောက်ရင် သူ့ကို သွားသွားတွေ့ဖြစ်တယ်။ ကိုကို နေကောင်းလားဆိုပြီး မေးဖြစ်တယ်။ အေးမြတ်သူက ရောက်တဲ့နေရာတော့ ဆွေမျိုးပေါတယ် ချစ်တတ်၊ ခင်တတ်တဲ့ အခါကျတော့လေ’’ လို့ သူကဆိုပါတယ်။

photo: Myat Lay Ml

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချော တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က