ပိုဟမ်စတီးယားနည်းပြချွဲဆန်ဟိုအနေနဲ့ ကစားသမားဘဝတွင် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ဖူးတဲ့ မြန်မာ့လက်ရွေးစ င်ရွှေခေတ်ကစားသမားအချို့ရဲ့ အမည်တွေကို အမှတ်ရနေခဲ့တဲ့အပြင် မြန်မာ့ဘောလုံးလောကရဲ့ တစ်ချိန်က ေ အာင်မြင်မှုတွေအတွက်ချီးကျူးပြောကြားမှုတွေပြုလုပ်ခဲ့ပါတယ်
ကိုရီးယားကေလိဂ်-၁ အသင်းကြီးတစ်သင်းဖြစ်တဲ့ ပိုဟမ်စတီးယားအသင်းဟာ မြန်မာနိုင်ငံကို ခြေစမ်းပွဲစဉ်များ အဖြစ် မြန်မာနေရှင်နယ်အသင်းတစ်သင်းဖြစ်တဲ့ ဧရာဝတီယူနိုက်တက်၊ မြန်မာ့လက်ရွေးစင်ယူ-၂၂အသင်းတွေနဲ့ မေ ၂၈၊ ၃၀ ရက်တွေမှာ ကစားဖို့ရှိနေပါတယ်။ မြန်မာနဲ့တောင်ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာပေါ်စကိုကုမ္ပဏီတို့ ပူးပေါင်းကျင်းပမယ့် ခြေစမ်းပွဲစဉ်တွေကို ကွင်းဝင်ကြေးအခမဲ့သတ်မှတ်ထားပြီး ပွဲစဉ်နှစ်ပွဲလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြဖို့ရှိနေတာပါ။
ခြေစမ်းပွဲနဲ့ပတ်သက်၍ ပိုဟမ်စတီးလားနည်းပြ ချွဲဆွန်ဟိုက “ အာရှမှာဆိုရင် မြန်မာနိုင်ငံက အရမ်းကိုတော်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်က ကိုရီးယားနိုင်ငံအနေ နဲ့ နိုင်ငံတကာပွဲတွေကစားတဲ့အခါမှာဆိုလို့ရှိရင် မြန်မာအသင်း ကိုနိုင်ဖို့ခက်ခဲခဲ့တယ်။ မိမိအနေနဲ့လည်း ကစား သမားကိုဖြတ်သန်းခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ မြန်မာ့လက်ရွေးစင်ကစား သမားတွေဖြစ်တဲ့မောင်အေးမော င်တို့ မောင်မောင်ကြီးတို့ပေါ့နော်။ ဘောလုံးကစားတယ်ဆိုတာ ကွင်းထဲမှာယှဉ်ပြိုင်ကစားတာတစ်ခုထက် မဟု တ်ဘဲနဲ့ ပြည်သူတွေကြားမှာ အပြန်အလှန်အပြင် အားကစား ပေါ်မူတည်ပြီး အားကစားအနိုင်အရှုံးကို မကြည့်ဘဲ ပျော်ရွှင်မှုကိုပေးတဲ့ ကစားနည်းလို့ထင်ပါတယ်။ လေးစားမှုတွေအပြ န်အလှန်ရနိုင်တယ်လို့ထင်ပါ တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ယှဉ်ပြိုင်ခြင်းဆိုတာထက် ပြည်သူတွေအကြားကို နှစ်သက်တဲ့ အားကစားကနေ ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာမှုတွေ ပေးနိုင်မယ်လို့ ယူဆပါတယ် ” လို့ မေ ၂၇ရက်နေ့မှာပြုလုပ် ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားကလပ်ပိုဟမ်စတီးလားအသင်းအနေနဲ့ ပြည်တွင်းကေလိဂ်ပြိုင်ပွဲတွင်လည်း အရေးကြီးပွဲစဉ်အ ချို့ယှဉ်ပြိုင်နေရဆဲဖြစ်တဲ့အတွက် အခုခြေစမ်းပွဲစဉ်တွေမှာ စီနီယာကစားသမားအချို့သာပါဝင်လာခဲ့ပြီး ခေါ်ယူ အားဖြည့်ထားတဲ့ ပြည်ပကစားသမားတွေပါဝင်လာခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ခြေစမ်းပွဲပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့လည်း ပိုဟမ်စတီးလားနဲ့ပွဲကို အတွေ့အကြုံအတွက်သာ အဓိက ရည်ရွယ်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာကစားသမားအများစုကို အသုံးပြုသွားဖို့လည်း ရှိနေပါတယ်။
“amateur ဘဝတုန်းက ပိုဟမ်စတီးလားကို Custom ပေါ့၊ ဘဏ္ဍာအခွန်အနေနဲ့ ကစားခဲ့ဖူးတယ်။ ကျွန်တော်တို့ သူတို့ပိုဟမ်စတီးလားကို အရင်ဆုံး ဂိုးရတယ်။ ဂိုးရ ပြီးတော့ အဲဒီအချိန်မှာ သူတို့ကိုသွားပြီးစသလိုဖြစ်သွားတာေ ပါ့နော်။ သူတို့က ကျွန်တော်တို့ကိုပြန်ပြီး တော့ သွင်းလိုက်တာဆိုတာ၊ တင် ကစားတာပေါ့နော်။ ဒီပွဲအဖြေက ၄-၁ လားမသိဘူး.. ရှုံးတာပေါ့နော်။ ဒါပေမဲ့ အမှန်တကယ်ကတော့ ဒီပွဲမှာတော် တော်များများနဲ့ကို ရှုံးရမှာ။ အဓိကတော့ ကျွန်တော်တို့ရဲ့ ဂိုးသမားပါ။ လက်ရှိ ကျွန်တော်တို့မြန်မာ့လက်ရွေးစင် ယူ-၂၃မှာ နည်းပြ၊ ဂိုးနည်းပြအဖြစ်လုပ်နေတဲ့ ကိုအောင်ကျော်ကျော်ပေါ့။ သူ့ရဲ့လက်စွမ်းပြမှုကြောင့် ကျွန်တော် တို့ ၄-၁ နဲ့ပဲ ရှုံးခဲ့တယ်။ အဲဒီထဲကိုက ဒီအသင်းက ကျွန်တော်တို့ထက် အများကြီးသာနေခဲ့တယ်။ အခုချိန်မှာ အ များကြီးပြောင်းလဲနေတယ်အချိန်မှာ ပိုပြီးတိုးတက်လာတယ်။ ကျွန်တော်တို့မှာတော့ amteur ကနေ အားလုံးလ ည်း သိတဲ့အတိုင်း MNL မြန်မာနေရှင်နယ်လိဂ်ဆိုပြီးပြောင်းလာတယ်။ ၉နှစ် ၁၀နှစ်အတွင်းမှာ ပြောင်းလဲလာတ ယ်။ မနက်ဖြန်ပွဲမှာတော့ ကျွန်တော်တို့ရဲ့ မြန်မာplayer တွေ ဘယ်လောက်ကစားနိုင်လဲဆိုတာကြည့်ကြတာ ပေါ့ ” လို့ ဧရာဝတီယူနိုက်တက်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ဒီကနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Duwun Sportsရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။