ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာပါ။

မေဆန်မောင့်အနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လျစ်လျူရှုခဲ့ပြီး ဘောလုံးကွင်းတစ်ကွင်းမှာ ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်နဲ့ သွားရောက်ကစားနေခဲ့တာကို တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ 


ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမေဆန်မောင့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရမှုရှိမရှိ စောင့်ကြည့်နေတဲ့ကာလအတွင်း စည်းကမ်းမလိုက်နာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသင်းဖော်ကစားသမား အိုဒွိုင်ဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီးနောက် ချယ်လ်ဆီးအသင်းက တစ်သင်းလုံးကို စောင့်ကြည့်မှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။ 

အသင်းလေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ပင်ထားခဲ့ရပြီး အသင်းဝန်ထမ်းတွေကိုပါ နေအိမ်မှာပဲ နေစေခဲ့ကာ စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်အနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လျစ်လျူရှုခဲ့ပြီး ဘောလုံးကွင်းတစ်ကွင်းမှာ ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်နဲ့ သွားရောက်ကစားနေခဲ့တာကို တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဘားနတ်အနီးနားက Trent Park ဘောလုံးကွင်းထဲမှာ မေဆန်မောင့်ကို တွေ့ရှိခဲ့ရတာဖြစ်ပြီး တစ်ဖက်ကိုကစားသမားငါးဦးစီပါဝင်ကာ ဘောလုံးကစားနေခဲ့တာလို့ သိရပါတယ်။ အစိုးရကချမှတ်ထားတဲ့ လိုက်နာရမယ့်လမ်းညွှန်မှုတွေကို ဆန့်ကျင်ကာ မေဆန်မောင့်က အခြားသောသူတွေနဲ့ နီးနီးစပ်စပ်ရှိနေခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။ 

"ကျွန်တော့်ရဲ့ အသက် ၁၄ နှစ်အရွယ်သားငယ်ကို လေ့ကျင့်ခန်းရှိလို့ ခေါ်သွားခဲ့တာပါ၊အဲဒီမှာ ကားတစ်စီးတွေ့ခဲ့ပြီးတော့ ဘယ်သူတွေလဲဆိုတာကို သိရချိန်မှာ အံ့အားသင့်ခဲ့ရပါတယ်၊ နောက်ထပ်လူ သုံးလေးဦးလောက်လည်း ကားထဲမှာရှိနေပြီး ကားမောင်းလာတဲ့သူ မေဆန်မောင့်လို့ ကျွန်တော့်သားက အတည်ပြုနိုင်ခဲ့ပါတယ်၊ သူတို့က ငါးဦး ဒါမှမဟုတ် ခြောက်ဦးတစ်ဖက်စီနဲ့ ကစားနေခဲ့ပြီး ဒီကလန်ရိုက်လည်း ပါဝင်ခဲ့ပါတယ်' လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

မေဆန်မောင့်အနေနဲ့ လက်ရှိအချိန်မှာ ရောဂါခြေချုပ်မိနေတာဖြစ်ပေမယ့်လည်း သူ့ရဲ့ အခုလိုမျိုး လုပ်ရပ်ကြောင့် အသင်းရဲ့သတိပေးခြင်းကိုလည်းခံရလိမ့်မယ်လို့ ချယ်လ်ဆီးအသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ တင်းတင်းကျပ်ကျပ်တားမြစ်ထားခြင်းမျိုးမရှိပေမယ့်လည်း နည်းပြမိုယက်စ်က ကစားသမားကို တစ်ပတ်ခန့်အခြေအနေစောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က