အိုဇေးလ်ရရှိနေတဲ့ လစာငွေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို အချိုးကျကြည့်မယ်ဆိုရင် အာဆင်နယ်ဟာ ရာသီအစကနေ လက်ရှိအချိန်ထိပေးချေနေရတဲ့ လစာငွေပေါင်းက ပေါင် ၁၅.၇၅သန်း ရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းရဲ့ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်နဲ့ ပတ်သက်ပြီးတော့ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မှာလည်းဖြစ်ပါတယ်။ မန်စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြအာတီတာက အိုဇေးလ်ကို လူစာရင်းထဲမှာ ထည့်သွင်းထားခဲ့ခြင်းမရှိဘဲ ချန်လှပ်ခဲ့ပါတယ်။
အိုဇေးလ်ဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲအထိရရှိနေခဲ့တာဖြစ်ပြီးတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၃ ပွဲသာကစားပေးထားရပြီး သွင်းဂိုးကလည်း တစ်ဂိုးတည်းသာရရှိထားခဲ့ပါတယ်။ စုစုပေါင်း ၁၈၁၂ မိနစ်ကစားပေးထားရပြီး ၃ကြိမ်ဖန်တီးပေးထားခဲ့ကာ တစ်ပွဲကို ပျမ်းမျှ ဘောလုံးပေးပို့မှု ၄၅.၇ ကြိမ်ရှိခဲ့ပြီး ဘောလုံးလုယူမှုပေါင်းက အကြိမ် ၂ဝအထိသာ ရရှိတယ်လို့ Daily Mail ရဲ့ အသေးစိတ်တွက်ချက်မှုအရသိရပါတယ်။
အိုဇေးလ်ရရှိနေတဲ့ လစာငွေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို အချိုးကျကြည့်မယ်ဆိုရင် အာဆင်နယ်ဟာ ရာသီအစကနေ လက်ရှိအချိန်ထိပေးချေနေရတဲ့ လစာငွေပေါင်းက ပေါင် ၁၅.၇၅သန်း ရှိခဲ့ပါတယ်။ ဒါကြောင့် အိုဇေးလ်ရဲ့ သွင်းဂိုးတစ်ဂိုးအတွက် အာဆင်နယ်က ပေါင် ၁၅.၇၅သန်းကုန်ကျနေပြီး ဖန်တီးမှုတစ်ကြိမ်အတွက် ပေါင် ၅.၂၅သန်း၊ ပေးပို့မှုတစ်ကြိမ်အတွက် ပေါင်တစ်သောင်းခွဲ၊ ဘောလုံးဖျက်ထုတ်မှုတစ်ကြိမ်အတွက် ပေါင်ရှစ်သောင်း နဲ့ တစ်မိနစ်ကစားတိုင်းမှာ ပေါင်ရှစ်ထောင့်ငါးရာအထိ ပေးချေနေရပါတယ်။
ဒါ့အပြင် အိုဇေးလ်ကို အသုံးပြုခြင်းမရှိတဲ့အတွက် တစ်မိနစ်ကို ပေါင်ရှစ်ထောင်နှုန်းနဲ့ ပေးနေရတယ်လို့လည်း Daily Mail က တွက်ချက်ပြခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျာမနီကွင်းလယ်လူအနေနဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်မယ့်အချိန်မှသာ အသင်းအတွက်ကစားခွင့်ရရှိမယ်လို့လည်း နည်းပြအာတီတာက မန်စီးတီးနဲ့့ပွဲအပြီးမှာ သတိပေးစကားပြောကြားခဲ့ပါတယ်။
နည်းပြဟောင်းအမ်မရီလက်ထက်မှာလည်း ရာသီအစ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲမှာ ၉ ပွဲအထိ အိုဇေးလ်က ချန်လှပ်ခံထားခဲ့ရပါတယ်။ လူစားဝင်ကစားသမားအဖြစ်နဲ့ ၃ ကြိမ်ပါဝင်ကစားပေးခဲ့ရပြီး စုစုပေါင်းမှ ၇၁ မိနစ်သာ ကစားပေးခဲ့ရတာပါ။ အိုဇေးလ်နဲ့ အာဆင်နယ်တို့ဟာ နောက်နှစ်အထိ စာချုပ်သက်တမ်းရှိနေသေးပြီး အသင်းအနေနဲ့ စာချုပ်သစ်ချုပ်မလား၊ လာမယ့့်စျေးကွက်မှာ ရောင်းချသွားမလား၊ အလွတ်ထွက်ခွာခွင့်ပြုမလားဆိုတာကို စဉ်းစားရတော့မှာလည်းဖြစ်ပါတယ်။