Huawei ရဲ့ ပထမဆုံး ထောင့်မှန်စတုဂံနာရီအိုးနဲ့လာတဲ့ စမတ်နာရီကို UAE မှာ ရောင်းချသွားတော့မှာပါ။
နှလုံးခုန်နှုန်း စောင့်ကြည့်စနစ်ပါဝင်တဲ့ Huawei Watch Fit ဟာ တစ်ခြား Huawei ထုတ် sporty watch တွေလိုမျိုး သက်တမ်းကြာကြာ အသုံးခံနိုင်မယ့် ဘက်ထရီ ပါဝင်ပါတယ်။ မတူတာက Watch GT 2 တို့လို Circular ဒိုင်ခွက်နဲ့မဟုတ်ဘဲ ထောင့်မှန်စတုဂံပုံစံ Rectangular display သုံးသွားတာပါ။
Photo: GSMArena
Huawei Watch Fit ဟာ ၁.၆၄ လက်မ AMOLED display နဲ့လာပြီး 280 x 456 pixels ရုပ်ထွက် ပါရှိပါတယ်။ Intercal storage 4GB ပါရှိပြီး SMS မက်ဆေ့ပေးပို့တာ ၊ အဝင်ဖုန်းခေါ်ဆိုမှု ဖြေဆိုတာ နဲ့ social media app တွေဆီက noti တွေ ကြည့်နိုင်မှာ ဖြစ်ပါတယ်။
နာရီဘေးဘောင်တွေကို အနည်းငယ်ကွေးညွှတ်ထားပြီး လက်ပတ်ကိုတော့ အကြမ်းခံ ပိုလီမာဖိုက်ဘာနဲ့ ထုတ်ထားပါတယ်။ ဘေးမှာ ခလုတ်တစ်လုံးတည်း ပါရှိပါတယ်။Always-On watch face ၆ မျိုး ထည့်ပေးထားပြီး နောက်ထပ်လည်း Watch Face သစ်တွေကို Watch Face Store ပေါ်ကနေ ဒေါင်းလုပ်ဆွဲနိုင်မှာပါ။
workout လေ့ကျင့်ခန်းအနေနဲ့ အိမ်တွင်းလေ့ကျင့်ခန်းတွေဖြစ်တဲ့ တစ်ကိုယ်လုံးအကြောလျှော့လေ့ကျင့်ခန်းတွေလိုမျိုး Animated workout ၁၂ မျိုးနဲ့ သရုပ်ပြလှုပ်ရှားမှု ၄၄ မျိုး ထည့်ပေးထားပါတယ်။Huawei Watch Fit ဝတ်ဆင်သူတွေဟာ Huawei Health app ကို သုံးပြီး စမတ်ဖုန်းပေါ်ကနေ ကိုယ့်ရဲ့ ကိုယ်လက်ကြံ့ခိုင်မှုမှတ်တမ်းကို တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။
Photo: Huawei Central
ဘက်ထရီဟာ GPS Mode ပိတ်ထားချိန်မှာ ၁၀ ရက်အထိ အသုံးခံပြီး GPS ဖွင့်ထားချိန်မှာ ၁၂ နာရီ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ OS အနေနဲ့ Huawei ရဲ့ ကိုယ်ပိုင် Lite OS နဲ့ လာပြီး Android 9.0 ၊ iOS 9.0 နဲ့ အထက် ထုတ်ကုန်တွေနဲ့ ချိတ်ဆက်နိုင်မှာပါ။
Huawei Watch Fit ကို Graphite Black ၊ Sakura Pink နဲ့ Mint Green ကာလာ ၃ ရောင်နဲ့ လာပြီး ယူအေအီးမှ Huawei ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားပါတယ်။ ဈေးနှုန်းကြေညာခြင်း မရှိပေမယ့် စက်တင်ဘာ ၃ ရက်နေ့မှာ သိရဖို့ ရှိပါတယ်။