COVID-19 ရောဂါပြင်းထန်မှုဟာ ကိုယ်ခံအားစနစ်က အလွန်အကျွံ တုံ့ပြန်မှုနဲ့ ဆက်စပ်နေပါတယ်။

ရောင်ရမ်းမှုနဲ့ ကင်ဆာကို ကုသရာမှာ အသုံးပြုတဲ့ ဆေးနှစ်မျိုးကို COVID-19 လူနာတွေအတွက် ကုသဆေးအဖြစ် အသုံးနိုင်ရန် ဗြိတိန်နိုင်ငံမှာ စမ်းသပ်နေပါတယ်။

(Photo: AFP)

ဘာမင်ဂမ်တက္ကသိုလ်နဲ့ အောက်စ်ဖို့တက္ကသိုလ်တို့က ထိုဆေးနှစ်မျိုးကို COVID-19 ကုသဆေးအဖြစ် အသုံးပြုနိုင်ရန် စမ်းသပ်နေကြောင်း ယနေ့ (ဇွန် ၁၀ ရက်) ကြေညာခဲ့ကြပါတယ်။ COVID-19 ရောဂါပြင်းထန်မှုဟာ cytokine storm ခေါ် လူနာရဲ့ ကိုယ်ခံအားစနစ်က အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ထားပါတယ်။



စမ်းသပ်နေတဲ့ ဆေးနှစ်မျိုးဖြင့် ကိုယ်ခံအားစနစ် အလွန်အကျွံ တုံ့ပြန်မှုမျိုးမဖြစ်စေရန် ထိန်းချုပ်ပြီး ရောဂါလက္ခဏ အလျင်အမြန် ပြင်းထန်လာခြင်းကို တားဆီးနိုင်ခြင်းရှိ မရှိ သုတေသီတွေက လေ့လာနေကြပါတယ်။ Izana Bioscience ကုမ္ပဏီရဲ့ Namilumab ဟာ ရောင်ရမ်းမှုကို ကုသရာမှာ အသုံးပြုတာဖြစ်ပြီး ၎င်းကို အီတလီမှာ COVID-19 ကုထုံးအဖြစ် စမ်းသပ်နေခဲ့ပါတယ်။

(Photo: Reuters)

နောက်ထပ် ဆေးတစ်မျိုးမှာ Celltrion Healthcare UK က ထုတ်လုပ်တဲ့ Infliximab (CT-P13) ဖြစ်ပြီး ကင်ဆာရောဂါအတွက် အသုံးပြုတဲ့ဆေး ဖြစ်ပါတယ်။ ယခု ဆေးနှစ်မျိုးဖြင့် COVID-19 လူနာတွေကို ကုသရန် စမ်းသပ်နေခြင်းကို CATALYST စမ်းသပ်လေ့လာမှုလို့ သတ်မှတ်ခေါ်ဝေါ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

"CATALYST စမ်းသပ်လေ့လာမှုကနေ ဒီဆေးတွေ တစ်ကြိမ်အသုံးပြုခြင်းဖြင့် ဆေးရုံတက်နေရတဲ့ လူနာတွေကို ရောဂါလက္ခဏာ အလျင်အမြန် ပြင်းထန်လာပြီး အထူးကြပ်မတ်ကုသဆောင်ထဲ မရောက်သွားအောင် တားဆီးနိုင်တဲ့ ရလဒ်ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်" ဘာမင်ဂမ်တက္ကသိုလ်မှ သုတေသီ Ben Fisher က ပြောပါတယ်။

COVID-19 ရောဂါပြင်းထန်မှုဟာ cytokine storm ခေါ် ကိုယ်ခံအားစနစ်က အလွန်အကျွံ တုံ့ပြန်မှုရာမှ ခန္ဓာကိုယ်တွင်းအင်္ဂါများ အလွန်အမင်း ရောင်ရမ်းမှုနဲ့ ဆက်စပ်နေပြီး ထို့သို့ မဖြစ်စေရန် ရောင်ရမ်းမှုသက်သာစေတဲ့ ဆေးတွေက အရေးပါကြောင်း အထောက်အထား တွေ့ရတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က