ထိုင်း-မြန်မာနယ်စပ်အကြား သောင်ရင်းမြစ်ကို သွားရောက်လည်ပတ်ရင်း ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူတစ်ဦးကို သေဆုံးလျှက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ ထိုင်းရောက် မြန်မာအရေး ကူညီဆောင်ရွက်နေတဲ့ Social Action for Children and Women – SAW အဖွဲ့က နေသိရပါတယ်။
Photo - Social Action for Children and Women - SAW (သေဆုံးသူအလောင်းကို ပြန်လည် တွေ့ရှိ)
ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ထိုင်းမြန်မာနယ်စပ့် တပ်ခရိုင်၊ ထဆောင်ရမ်မှာ ဖွင့်လှစ်ထားတဲ့ ကော်ထပလေ ရွှေ့ပြောင်းစာသင်ကျောင်းက ကျောင်းသားကျောင်းသူ ၁၉ ဦးဟာ သောင်ရင်းမြစ်အတွင်းဆင်းပြီး ခရုနဲ့ ငါးရှာဖွေရင်း ကျောင်းသူ ၃ ဦးဟာ ရေစီးသန်တဲပ မြစ်အတွင်း မျောပါ ပျောက်ဆုံးသွားခဲ့တယ်။
Photo - Social Action for Children and Women - SAW (အသက်ရှင်လျှက် ကျောင်းသူ ၂ ဦးကို ကယ်တင်နိုင်ခဲ့)
ေပျာက်ဆုံးကျောင်းသူတွေကို မြစ်ကြောင်းတစ်လျှောက် ထိုင်းကယ်ဆယ်ရေးစက်လှေတွေက လိုက်လံရှာဖွေပေးခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းမှာ ၃ ဦးအနက် ၂ ဦးကို အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးကျန်ရှိနေသေးတဲ့ ကျောင်းသူတစ်ဦးက ပျောက်ဆုံးနေခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းမှာမှ သူမရဲ့ အလောင်းကို ထိုင်းကယ်ဆယ်ရေးဝန်ထမ်းတွေက တွေ့ရှိခဲ့တာပါ။
သေဆုံးသူ ကျောင်းသူမှာ အသက် ၂၁ နှစ်အရွယ် နော်မူးဘီဆိုသူဖြစ်ပြီး ကရင်ပြည်နယ် ရွှေ ကုက္ကိုုလ် ကျေးရွာကဖြစ်ပြီး ထိုင်းမြန်မာနယ်စပ် မှာ ရွှေ့ပြောင်းစာသင်ကျောင်းတက်နေသူတစ်ဦး ဖြစ်ပါတယ်။