အေးမြတ်သူရဲ့ အိမ်ထောင်ရေးအပေါ် သရုပ်ဆောင် နေမင်းရဲ့ သဘောထားကို ပြောပြလာပါတယ်။ နားလည်မှုရှိပြီး ခွင့်လွှတ်ပေးနိုင်မယ့် သူဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
နေမင်းက အနုပညာမောင်နှမတွေ ဖြစ်ကြတဲ့ သရုပ်ဆောင် အေးမြတ်သူရဲ့ အိမ်ထောင်ရေးအပေါ် သူဖြစ်စေချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အေးမြတ်သူက ရင့်ကျက်မှုရှိလာပြီလို့လည်း မီဒီယာတွေရဲ့က အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
‘’ အေးမြတ်သူက စိတ်ထားကောင်းတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ အခုနောက်ပိုင်းတော့ သူနည်းနည်း အရင်လိုမဟုတ်တော့ဘူး။ လူကြီးပိုဆန်ပြီး နေထိုင်တတ်လာတော့ ဒီအချိန်မှာ သူ ဘယ်လိုယောကျ်ားယူယူ အဆင်ပြေမယ့် ပုံစံမျိုးမှာရှိတယ်’’ လို့ ဆိုပါတယ်။
Photo: Aye Myat Thu
အေးမြတ်သူရဲ့ အိမ်ထောင်ဖက် တစ်ယောက်မှာ ရှိစေချင်တဲ့ သဘောတရားတွေကိုလည်း နေမင်းက ဆက်လက်ပြောပြလာပါတယ်။ ကောင်းတဲ့လူနဲ့ အေးမြတ်သူကို လက်တွဲစေချင်တယ်လို့ သူထူးစံ နဲ့ ထိုက်ဆုဝင်း တို့ရဲ့ မင်္ဂလာပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
‘’ သူ့ကို ခွင့်လွှတ်နိုင်မယ့်လူပေါ့။ အသက်ကြီးရင်တော့ ပိုကောင်းမယ်ထင်တယ်။ ဒါပေမယ့် သူ့ထက် အသက်ကြီးပြန်တော့လည်း အဆင်မပြေပြန်ဘူး။ ဘာလုပ်လုပ် အကောင်းမြင်တဲ့စိတ်နဲ့တွေးရင် အကောင်းဖြစ်တာပေါ့။ အဆိုးမြင်တဲ့ စိတ်နဲ့တွေးရင်တော့ အဆိုးဖြစ်မှာပဲ။ ကိုယ့်အပေါ်တွေးတဲ့သူက အကောင်းမြင်တဲ့စိတ် ရှိနေရင် ဖြစ်သမျှအကြောင်းတွေးဖို့က အကောင်းဘက်က သွားလို့ရတယ်လေ။ အဲဒီသဘောပါပဲ’’ လို့ သူကဆိုပါတယ်။
သရုပ်ဆောင် နေမင်းနဲ့ အေးမြတ်သူတို့ဟာ အနုပညာအလုပ်တွေ အတူတူလက်တွဲဆောင်ရွက်လာခဲ့ကြတာ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ အနုပညာမောင်နှမအချင်းချင်း ရိုင်းပင်းကူညီတတ်ကြသလို ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း လိုက်ဖက်ညီတဲ့ ကာရိုက်တာတွေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ကြသူပါ။ သူတို့ နှစ်ဦးက အခုချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ သရုပ်ဆောင်တွေ ဆိုရင်လည်း မမှားပါဘူး။
Photo: Nay Min
သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမဲ့ မင်းသားဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူ့အနေနဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်တယ်လို့ ဆိုပါတယ်။