ဟက်ထရစ်သွင်းပြီး ဂျူဗင်တပ်ကို နောက်တဆင့် တက်စေခဲ့သူပါ။

ပွဲမစခင် ၃ ဂိုးသွင်းမယ်လို့ ပြောထားပြီး ပွဲကစားချိန်မှာလည်း တစ်ကယ်ပဲ ၃ ဂိုးသွင်းသွားတဲ့ အပေါ်မှာ မာရာဒိုနာက မှော်ဆရာဖြစ်မယ်လို့ Marca သတင်းဌာနကို ပြောခဲ့တာပါ။

အက်သလက်တီကိုအသင်းဖက်ကို ၃ဂိုး မသွင်းခင်ကတည်းက ရော်နယ်ဒိုက အဆိုပါပွဲမှာ သူ ၃ ဂိုးသွင်းလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းပြောဆိုထားခဲ့တယ်လို့ အာဂျင်တီးနား ဂန္တဝင် မာရာဒိုနာက MARCA သတင်းဌာနကို ပြောသွားပါတယ်။



မာရာဒိုနာက ရော်နယ်ဒိုအနေနဲ့ မှော်ဆရာတစ်ဦးလို ဟက်ထရစ်သွင်းဂိုး ရယူသွားခဲ့တယ်လို့ ချီးကျူးထားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့လည်း ပထမအကျော့ အဝေးကွင်းမှာ ၂-ဝဂိုးနဲ့ ရှုံးနိမ့်ထားပေမယ့် ဒုတိယကျော့မှာ တော့ ရော်နယ်ဒိုရဲ့ ၃ ဂိုးနဲ့ ကွာတားကို တက်ရောက်နိုင်ခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့လည်း အခုလို ဟက်ထရစ်ရခဲ့လို့ မက်ဆီရဲ့ချန်ပီယံလိဂ် ဟက်ထရစ် ၈ ကြိမ်ရယူထားတဲ့ စံချိန်နဲ့ တူညီခဲ့ပြီ ဖြစ်ပါတယ်။

“မှော်ဆန်တဲ့ ခြေစွမ်းပိုင်ဆိုင်ဖို့ ခက်ခဲပါတယ်၊ ကျွန်တော်တို့ အာဂျင်တီးနားလူမျိုးတွေက မက်ဆီအတွက် ဂုဏ် ယူကြပါတယ်၊အကြောင်းကတော့ သူက အာဂျင်တီးနား လူမျိုး ဖြစ်နေလို့ပါ။သူသာ စပိန်ဆိုရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ အခြားတဖက်မှာတော့ အခြားတစ်ယောက်က သတ္တဝါတစ်ကောင်လိုပါပဲ။ ခွန်အားနဲ့ ပြည့်စုံသ လို မှော်ဆရာတစ်ယောက်လိုပါပဲ။သူပွဲမစခင်ကတည်းက ၃ ဂိုးသွင်းမယ်လို့ ပြောခဲ့တယ်။ ပြောတဲ့အတိုင်းပဲ ၃ ဂိုး သွင်းသွားတယ်” လို့ မာရာဒိုနာက Marca သတင်းဌာနကို ပြောသွားတာပါ။

ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကတော့ အက်သလက်တီကို အသင်းကို အနိုင်ရရှိခဲ့လို့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပြီး အခြားသော အသင်းတွေအဖြစ် ဘာစီလိုနာ၊ အေဂျက်၊ ပေါ်တိုနဲ့ အင်္ဂလန် အသင်းတွေဖြစ်တဲ့ မန်ယူ၊ စပါး၊ လီဗာပူး၊ မန်စီးတီးတို့ ရှိနေပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က