ရော်နယ်ဒိုရဲ့ ပို့စ်မောက်ဘက်ကို ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ တူညီမှုရှိတယ်လို့ ပြောဆိုခဲ့ကြပြီး နောက်တစ်ကြိမ်ထပ်မံမြင်တွေ့ခဲ့ရပြီလို့လည်း တင်စားပြောဆိုနေခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကတော့ ချယ်လ်ဆီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး တိုက်စစ်မှူးဟောင်းရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းခံနေရပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်က ၃၅ ကိုက်အကွာက ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲအပြီးမှာတော့ တွစ်တာပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက ရက်ရှ်ဖို့ဒ်ရဲ့ ကန်သွင်းမှုနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုခဲ့ကြပါတယ်။ ရော်နယ်ဒိုရဲ့ ပို့စ်မောက်ဘက်ကို ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ တူညီမှုရှိတယ်လို့ ပြောဆိုခဲ့ကြပြီး နောက်တစ်ကြိမ်ထပ်မံမြင်တွေ့ခဲ့ရပြီလို့လည်း တင်စားပြောဆိုနေခဲ့ကြပါတယ်။
ရော်နယ်ဒိုကတော့ ၂၀၀၈ ခုနှစ်အတွင်းက ကစားခဲ့တဲ့ ပို့စ်မောက်နဲ့ပွဲမှာ အလွတ်တည်ကန်ဘောကတဆင့် လှလှပပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ညကပွဲမှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ ကန်သွင်းပုံက ရော်နယ်ဒိုရဲ့ ဟန်၊ ရော်နယ်ဒိုရဲ့ စတိုင်နဲ့ ထပ်လူလုနီးပါးတူညီနေခဲ့တာဖြစ်ပြီး ဂိုးအဖြစ်လည်း ပြောင်းလဲနိုင်ခဲ့ပါတယ်။ အသင်းဖော်လင်ဒီလော့ဖ်ကလည်း ဒီလိုသွင်းဂိုးမျိုးကို သူ မြင်တွေ့ခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ကာ တွစ်တာမှာ တင်ထားခဲ့ပါတယ်။
ချယ်လ်ဆီးကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက်သွင်းဂိုးတွေကို ရက်ရှ်ဖို့ဒ်တစ်ဦးတည်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အလွတ်တည်ကန်ဘောကို ရက်ရှ်ဖို့ဒ်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ အဆုံးသတ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးဂိုးသမားကာဘယ်လာရိုရဲ့ ညာဘက်အပေါ်ထောင့်ကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။