လူးဝစ္စဗန်ဂါးလ်လက်ထက်မှာ ယူနိုက်တက်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့ပြီးနောက် ရက်ဖို့ဒ်ဟာ ယူနိုက်တက် ပထမအသင်းကြီးရဲ့ အဓိကကစားသမားအဖြစ်ကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက်အရေးပါတဲ့ တိုက်စစ်မှူးလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
လက်စတာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးရက်ဖို့ဒ်ဟာ အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၀၀)ပြည့်ခဲ့တဲ့ ရက်ဖို့ဒ်ဟာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အိုလီဂန်နာဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်က ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သလို ရက်ဖို့ဒ်ကလည်း ဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပြသနေဆဲ ဖြစ်ပါတယ်။ လက်စတာနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံက ထင်သလောက် မကောင်းမွန်ခဲ့ပေမယ့် ဒီဂီယာရဲ့ လက်စွမ်းပြမှုနဲ့ ရက်ဖို့ဒ်ရဲ့ ပွဲချိန်အစောပိုင်းသွင်းဂိုးကြောင့် နိုင်ပွဲရခဲ့ပါတယ်။
ဒီရာသီမှာ ရက်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၉)ဂိုးအထိ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ The Sportsman Statistics ရဲ့ ဖော်ပြချက်အရ ရက်ဖို့ဒ်ဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်ကလပ်အတွက် ပွဲပေါင်း (၁၀၀) ကစားပြီးချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၉)ဂိုး ရရှိခဲ့တဲ့ စံချိန်ကို ကျော်လွန်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရက်ဖို့ဒ်က သွင်းဂိုး (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုထက် (၉)ဂိုး ပိုမိုသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရက်ဖို့ဒ်ရဲ့ ပြိုင်ပွဲစုံပွဲပေါင်း (၁၅၀)ရဲ့ သွင်းဂိုးဟာလည်း (၄၁)ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရော်နယ်ဒိုက ပြိုင်ပွဲစုံ (၁၅၀)ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက်အတွက် (၃၂)ဂိုး သွင်းယူထားလို့ ရက်ဖို့ဒ်အနေနဲ့ ဒီဂိုးသွင်းစံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ ဆိုးလ်ရှားလက်ထက်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၆)ဂိုးအထိ ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ လူးဝစ္စဗန်ဂါးလ်လက်ထက်မှာ ယူနိုက်တက်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့ပြီးနောက် ရက်ဖို့ဒ်ဟာ ယူနိုက်တက်ပထမအသင်းကြီးရဲ့ အဓိကကစားသမားအဖြစ်ကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက်အရေးပါတဲ့ တိုက်စစ်မှူးလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။